Connect with us

Asia

တိုကျိုအိုလံပစ်မှ စေတနာ့ဝန်ထမ်း ၁၀,၀၀၀ ခန့်နုတ်ထွက်

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အနောက်ဘက် Hachioji မြို့ရှိ Takao တောင်တွင် အိုလံပစ်အားကစားပွဲများ မစတင်မီ ရက်ပေါင်း ၁၀၀ အလို သင်္ကေတ ထုတ်ဖော်ခြင်းအခမ်းအနားပြီးနောက် အိုလံပစ်သင်္ကေတနှင့် ဓာတ်ပုံရိုက်နေသော ၂၀၂၀ တိုကျိုအိုလံပစ်အားကစားပွဲ လာဘ်ကောင် Miraitowa အားတွေ့ရစဉ် (ဓာတ်ပုံ- Tokyo 2020 and TMG)

တိုကျို၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ရက်ပေါင်း ၅၀ အတွင်း ကျင်းပတော့မည့် တိုကျိုအိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် အားကစားပွဲများ ကျင်းပရန် နီးကပ်လာချိန်တွင် စေတနာ့ဝန်ထမ်း ၈၀,၀၀၀ အနက် ၁၀,၀၀၀ ခန့် နုတ်ထွက်သွားခဲ့ကြောင်း ဇွန် ၂ ရက်တွင် ထုတ်ပြန်ထားသည့် သတင်းများအရ သိရသည်။အကြောင်းပြချက်တွေထဲ တစ်ခုကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး ဟု ၂၀၂၀ တိုကျိုအိုလံပစ်အားကစားပွဲ ဖြစ်မြောက်ရေးကော်မတီ စီအီးအို တိုရှီရို မူတို၏ ပြောကြားချက်အား ကိုးကား၍ ဂျပန်နိုင်ငံ Kyodo သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

စေတနာ့ဝန်ထမ်းများနုတ်ထွက်သွားခြင်းက အားကစားပွဲများ လည်ပတ်ရေးပေါ် သက်ရောက်မည် မဟုတ်ကြောင်း မူတိုက ပြောခဲ့သည်။
စေတနာ့ဝန်ထမ်း ၈၀,၀၀၀ အား ကမ္ဘာတစ်ဝန်းမှ လျှောက်ထားသူ ၂၀၀,၀၀၀ ခန့်ထဲမှ ရွေးချယ်ထားခြင်းဖြစ်သည်။ ယင်းအနက် ၆၄ ရာခိုင်နှုန်းမှာ ဂျပန်နိုင်ငံသားများဖြစ်ပြီး နိုင်ငံခြားသားများ၁၀ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။

COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး တန်ပြန်အစီအမံအဖြစ် အားကစားပွဲများတွင် နိုင်ငံခြားသား စေတနာ့ဝန်ထမ်းများအား တာဝန်ထမ်းဆောင်ခွင့်မပြုကြောင်း မူတိုက အစောပိုင်း၌ ပြောကြားခဲ့သည်။

အားကစားပွဲများအား အဆင်ပြေချောမွေ့စွာ ကျင်းပရန် မရှိမဖြစ်လိုအပ်သော အထူးအရည်အချင်း ရှိသူများသာ ၎င်းတို့၏နေရာများအတွက် ထိန်းထားနိုင်မည်ဖြစ်ပြီး အထူးပြည်ဝင်ခွင့်စည်းမျဉ်းများအရ ဂျပန်နိုင်ငံသို့ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ နီးစပ်သောသတင်းရင်းမြစ်များက ပြည်ပတွင်နေထိုင်သူ ၂,၀၀၀ ခန့်မှ စေတနာ့ဝန်ထမ်း ၅၀၀ အတွက် ချွင်းချက်ထားရှိပေးမည်ဟု ပြောကြားကြောင်း Kyodo သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ (Xinhua)

#Japan, #TyokyoOlympics, #Volunteer, #Quit, #Xinhua, #Myanmar, #XinhuaMyanmar, #ဂျပန်, #တိုကျိုအိုလံပစ်, #စေတနာ့ဝန်ထမ်း, #နုတ်ထွက်, #ဆင်ဟွာ
——————————————
(English Version)

About 10,000 volunteers have quit Tokyo Olympics, say reports

TOKYO, June 2 (Xinhua) — About 10,000 of the 80,000 volunteers for the Tokyo Olympic and Paralympic Games have quit the events set to kick off in 50 days, reports said here on Wednesday.

Japan’s Kyodo news agency quoted Tokyo 2020 organizing committee CEO Toshiro Muto as saying: “There’s no doubt that one of the reasons is concern over coronavirus infections.”
Muto also promised that the resignation of the volunteers will not affect the operation of the Games.

The 80,000 volunteers were selected from around 200,000 applicants across the world. 64 percent of them are Japanese citizens and foreign nationals account for 10 percent.
Muto said earlier that foreign volunteers will not be allowed to serve the Games as a countermeasure against the COVID-19 pandemic.

He added only those with “special skills” necessary for the smooth running of the Games might retain their positions and enter Japan under special entry rules.
Sources close to the matter said the exception could be made for “around 500 volunteers,” who will be selected from a pool of about 2,000 people living overseas, Kyodo said. Enditem.

Tokyo 2020 Olympic Games mascot Miraitowa poses with a giant Olympic Symbol after an unveiling ceremony of the symbol to mark 100 days before the start of the Olympic Games on Mt. Takao in Hachioji, west of Tokyo, Japan, April 14, 2021. (Photo by Tokyo 2020 and TMG)