Connect with us

Asia

THE အာရှတက္ကသိုလ်အဆင့်သတ်မှတ်ချက် ၂၀၂၁ ခုနှစ်တွင် တရုတ်တက္ကသိုလ်များ အများအပြားရွေးချယ်ခံရ

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Tsinghua တက္ကသိုလ် ပင်မဆောင်အား ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၇ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

Times Higher Education (THE)၏ အာရှတက္ကသိုလ်အဆင့်သတ်မှတ်ချက် ၂၀၂၁ ခုနှစ်စာရင်းကို ဇွန် ၂ ရက်က ထုတ်ပြန်ခဲ့ရာတွင် တရုတ်နိုင်ငံပြည်မကြီးမှ တက္ကသိုလ်များသည် ထိပ်ဆုံး နေရာနှစ်ခုအတွက် နှစ်နှစ်ဆက်တိုက် ဦးဆောင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။Tsinghua တက္ကသိုလ်သည် ၂၀၁၉ ခုနှစ်တွင် အာရှအကောင်းဆုံးတက္ကသိုလ်အဖြစ် ရွေးချယ်ခံရပြီးနောက် သုံးနှစ်ဆက်တိုက် အာရှထိပ်တန်းတက္ကသိုလ်အဖြစ် ရပ်တည်နိုင်ခဲ့သည်။ ပီကင်းတက္ကသိုလ်(Peking University) က ထိပ်ဆုံး ဒုတိယနေရာတွင် နှစ်နှစ် ဆက်တိုက် ဆက်လက်တည်ရှိနေခဲ့သည်။

အဆိုပါ အဆင့်သတ်မှတ်ချက်ထဲတွင် တက္ကသိုလ်ပေါင်း ၅၅၁ ကျောင်း ပါဝင်လာခဲ့ပြီး ၂၀၂၀ ပြည့်နှစ်က ၄၈၉ ကျောင်းရှိခဲ့ရာမှ မြင့်တက်လာခဲ့ခြင်းဖြစ်ကာ နိုင်ငံနှင့် ဒေသပေါင်း ၃၀ ခု လွမ်းခြုံပါဝင်ကြောင်း သိရသည်။

အာရှထိပ်တန်း တက္ကသိုလ် ၁၀ ခုတွင် စင်ကာပူ NUS က တတိယနေရာ နှင့် ဟောင်ကောင်တက္ကသိုလ်က စတုတ္တထနေရာတို့တွင် အသီးသီးရပ်တည်နေပြီး ၂၀၂၀ ပြည့်နှစ်က ၎င်းတို့ပိုင်ဆိုင်ထားသော နေရာ၌ပင် ဆက်လက်တည်ရှိနေခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံ Nanyang နည်းပညာတက္ကသိုလ်သည် ၂၀၂၀ ပြည့်နှစ်က အဆင့် ၆ ရှိခဲ့ရာမှ တဆင့်တိုး၍ ထိပ်ဆုံး ၅ နေရာသို့ တက်လှမ်းလာခဲ့ကြောင်း သိရသည်။

အဆိုပါ အဆင့်သတ်မှတ်ချက်ထဲတွင် တရုတ်နိုင်ငံပြည်မကြီးမှ တက္ကသိုလ်စုစုပေါင်း ၉၁ ခု ထည့်သွင်းခံရပြီး ဂျပန်နိုင်ငံကိုယ်စားပြု တက္ကသိုလ်ပေါင်း ၁၁၆ ခုနောက် ဒုတိယနေရာ၌ ရပ်တည်နေခဲ့သည်။

ထိပ်တန်း တက္ကသိုလ် ၅၀ စာရင်းတွင် တရုတ်နိုင်ငံပြည်မကြီးရှိ တက္ကသိုလ် ၁၅ ခု ပါဝင် ရွေးချယ်သတ်မှတ်ခံရပြီး Central South University တက္ကသိုလ်က အဆင့် ၄၄ နှင့် South China University of Technology က အဆင့် ၅၀ ဖြင့် ထိပ်ဆုံးတက္ကသိုလ် ၅၀ စာရင်းတွင် ပါဝင်လာခဲ့သည်။ ယခင်က ၎င်းတို့ထိန်းသိမ်းခဲ့သော အဆင့်ထက် အဆင့် ၁၅ နေရာ ၊ ၁၃ နေရာ အသီးသီး ခုန်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

THE အာရှတက္ကသိုလ်အဆင့်သတ်မှတ်ချက် ၂၀၂၁ ခုနှစ်ကို THE ၏ ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက် စံချိန်စံညွှန်းများအတိုင်း ပုံစံတူရွေးချယ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ သို့သော်လည်း အာရှတိုက်၏အဖွဲ့အစည်းဆိုင်ရာစံနှုန်းများကို ထင်ဟတ်စေရန် ၎င်းတို့က အပြောင်းအလဲအနည်းငယ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တက္ကသိုလ်များအား အဆင့်သတ်မှတ်ရေးအတွက် စံချိန်စံညွှန်းအုပ်စု ဆုံးဖြတ်ရာတွင် နယ်ပယ် ၅ ခုအပေါ် အခြေခံထားရာ ယင်းတို့မှာ သင်ကြားရေး ( ၂၅ ရာခိုင်နှုန်း ) သုတေသန ( ၃၀ ရာခိုင်နှုန်း) ၊ ရေးမှတ်ခြင်း (၃၀ ရာခိုင်နှုန်း) နိုင်ငံတကာအမြင် ( ၇.၅ ရာခိုင်နှုန်း) နှင့် စက်မှုနည်းပညာနယ်ပယ် အသိဉာဏ်ရရှိပိုင်ဆိုင်မှု ( ၇.၅ ရာခိုင်နှုန်း ) အသီးသီးပါဝင်ကြောင်း သိရသည်။ (Xinhua)

——————————————
(English Version)

Chinese universities dominate THE Asia University Rankings 2021

LONDON, June 3 (Xinhua) — Mainland Chinese universities hold the top two for a second consecutive year in the Times Higher Education (THE) Asia University Rankings 2021 released Wednesday.

Tsinghua University holds the top for the third consecutive year, after first claiming the position in 2019. Peking University maintains its position in the second place.
The rankings contain 551 universities, up from 489 in 2020, involving 30 countries and regions.

In the top 10, National University of Singapore (3rd) and University of Hong Kong (4th) maintain their 2020 positions. Nanyang Technological University, Singapore (5th) moves into the top 5 after finishing 6th in 2020.

A total of 91 mainland Chinese universities are in the Rankings, seconding only to Japan (116) in terms of representation.
The Chinese mainland is also the best represented in the top 50, holding 15 positions, as Central South University (44th), and South China University of Technology (50th) move into the group. Of the 15, 13 have improved or maintained their previous ranks.

The THE Asia University Rankings 2021 used the same 13 performance indicators as the THE World University Rankings, but they were recalibrated to reflect the attributes of Asia’s institutions.

The universities were judged across performance indicators grouped into five areas: teaching (25 percent), research (30 percent), citations (30 percent), international outlook (7.5 percent), and industry income (7.5 percent). Enditem

Photo taken on Nov. 7, 2019 shows the main building of Tsinghua University in Beijing, capital of China. (Xinhua/Li Jing)