နယူးဒေလီ၊စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် Guradaspur ဒေသတွင်စက်တင်ဘာ ၄ ရက်ညနေပိုင်း၌ မီးရှုးမီးပန်းစက်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်ပွားပြီး အနည်းဆုံး လူ ၁၈ ဦး သေဆုံးကာ လူ ၁၀ ဦး ထက်မနည်းထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း အိန္ဒိယမီဒီယာတစ်ခု၏ဖော်ပြချက်အရသိရသည်။
ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နိန်ကျားဟွေ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စက်တင်ဘာလ ၅ ရက်၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ် နှင့် အမေရိကန် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းသူ အကြီးအကဲများက အောက်တိုဘာလတွင် ထပ်မံ ပြုလုပ်မည့် ဆွေးနွေးညှိနှိုင်းမှုများ အတွက် အခြေအနေကောင်းများ ဖန်တီးရန် ခိုင်မာသည့် လုပ်ဆောင်ချက် များအား ပူးတွဲဆောင်ရွက်သွားရန် စက်တင်ဘာ ၅ ရက်တွင် သဘောတူခဲ့ကြကြောင်း...
ဗလာဒီဗော့စတော့ ၊ ရုရှား ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) ၅ ကြိမ်မြောက် အရှေ့ဖျားဒေသ စီးပွားရေး ဖိုရမ်၏ ဆက်စပ် အစည်းအဝေးတစ်ခုတွင် နှစ်နိုင်ငံခေါင်းဆောင်များ နှင့် နှစ်ဖက်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပြီးနောက် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံရေး ကိစ္စများအပြင် စစ်လက်နက်များ ပူးတွဲ ထုတ်လုပ်ရန်အပါအဝင် နယ်ပယ်ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်...
မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) ဘဟားမားစ်နိုင်ငံတွင် ဒိုရီယန်ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၂၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဝန်ကြီးချုပ် Hubert Minnis က စက်တင်ဘာလ ၄ ရက်တွင် ပြောကြားခဲ့သည်။