Connect with us

Science & Technology

မိုးလေဝသဂြိုဟ်တု Fengyun-4B (FY-4B)ကို တရုတ်နိုင်ငံက အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့

မိုးလေဝသဂြိုဟ်တု Fengyun-4B (FY-4B)ကို Long March-3B ပို့ဆောင်ရေး ဒုံးပျံဖြင့် တရုတ်နိုင်ငံ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာက ဇွန် ၃ ရက် ၀၀ နာရီ ၁၇ မိနစ်တွင် လွှတ်တင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ရှီးချန်း၊ ဇွန် ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာက မိုးလေဝသဂြိုဟ်တု Fengyun-4B (FY-4B)ကို Long March-3B ပို့ဆောင်ရေး ဒုံးပျံဖြင့် ဇွန် ၃ ရက် ၀၀ နာရီ ၁၇ မိနစ်တွင် လွှတ်တင်ခဲ့ရာ သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းသို့ အောင်မြင်စွာ ရောက်ရှိခဲ့ကြောင်း သိရသည်။Fengyun-4B (FY-4B)သည် တရုတ်နိုင်ငံ၏ ပထမဆုံး မျိုးဆက်သစ် geostationary orbit မိုးလေဝသဂြိုဟ်တု ဖြစ်ပြီး ရာသီဥတုဆန်းစစ်လေ့လာခန့်မှန်းခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့်ဘေးအန္တရာယ်စောင့်ကြည့်ခြင်း စသည့် ကဏ္ဍများအတွက် အဓိက အသုံးပြုကြောင်း သိရသည်။

မိုးလေဝသဂြိုဟ်တု Fengyun-4B (FY-4B)ကို Long March-3B ပို့ဆောင်ရေး ဒုံးပျံဖြင့် တရုတ်နိုင်ငံ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာက ဇွန် ၃ ရက် ၀၀ နာရီ ၁၇ မိနစ်တွင် လွှတ်တင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

မိုးလေဝသဂြိုဟ်တု Fengyun-4B (FY-4B)ကို Long March-3B ပို့ဆောင်ရေး ဒုံးပျံဖြင့် တရုတ်နိုင်ငံ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာက ဇွန် ၃ ရက် ၀၀ နာရီ ၁၇ မိနစ်တွင် လွှတ်တင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

Fengyun-4B (FY-4B)ဂြိုဟ်တုနှင့် Long March-3B ဒုံးပျံကို တရုတ်နိုင်ငံအာကာသသိပ္ပံနှင့်နည်းပညာ ကော်ပိုရေးရှင်း(CASC)၏လက်အောက်ခံ ရှန်ဟိုင်းအာကာသနည်းပညာသုတေသနဌာန(SAST)၊ တရုတ်သယ်ဆောင်ရေးဒုံးပျံနည်းပညာ သုတေသနဌာန(CALT)တို့မှ တီထွင်ထုတ်လုပ်ခြင်းဖြစ်ပြီး မြေပြင် အသုံးချစနစ်များ၏တည်ဆောက်လည်ပတ်မှုကို တရုတ်နိုင်ငံမိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြော်ငး သိရသည်။ယခုအကြိမ်ဂြိုလ်တုလွှတ်တင်မှုသည် Long March စီးရီးဒုံးပျံ၏ (၃၇၂)ကြိမ်မြောက် သယ်ယူပို့ဆောင်ခြင်း ဖြစ်သည်။ (Xinhua)

——————————————
Chinese Version)

(航天)我国成功发射风云四号02星

新华社西昌6月3日电(李国利、高阳)6月3日零时17分,我国在西昌卫星发射中心用长征三号乙运载火箭,成功将风云四号02星送入预定轨道,发射任务获得圆满成功。

风云四号02星是我国新一代地球静止轨道气象卫星首颗业务星,主要应用于天气分析和预报、环境和灾害监测等领域。
风云四号02星和长征三号乙运载火箭分别由中国航天科技集团有限公司所属上海航天技术研究院、中国运载火箭技术研究院研制,中国气象局负责地面应用系统的建设运行。

这次任务是长征系列运载火箭的第372次飞行。(完)
新华社照片,西昌,2021年6月3日
我国成功发射风云四号02星
6月3日零时17分,我国在西昌卫星发射中心用长征三号乙运载火箭,成功将风云四号02星送入预定轨道,发射任务获得圆满成功。
新华社发(郭文彬 摄)