ပေကျင်း ၊ ဇွန် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနှံ့မေ ၃၀ ရက်အထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၆၃၉ သန်းကျော် ထိုးနှံပေးထားကြောင်း တရုတ်ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ဟနွိုင်း၊ ဇွန် ၁ ရက်(ဆင်ဟွာ) ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုကို တိုးမြှင့်ရန် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ နွိုင်ဘိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဇွန် ၁ ရက်မှ ၇ ရက်အထိ နိုင်ငံတကာလေကြောင်းလိုင်းဝင်ရောက်မှုကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း ဗီယက်နမ်မြို့ပြလေကြောင်းအာဏာပိုင်က မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မော်စကို ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် (NATO) နေတိုးစစ်မဟာမိတ်စာချုပ်အဖွဲ့၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန်အတွက် ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံ အနောက်ဘက်ပိုင်း စစ်တိုင်းအတွင်း တပ်ဖွဲ့အသစ် ၂၀ ကျော် တိုးချဲ့ဖွဲ့စည်း တပ်ချသွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က မေ ၃၁ ရက်တွင်...
အော့တဝါ ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံဝန်ကြီးချုပ်ဂျက်စတင်းထရူးဒိုက နိုင်ငံအနောက်ပိုင်း Kamloops မြို့ရှိ ယခင်ဒေသခံ မျိုးနွယ်စု စာသင်ကျောင်းတစ်ခုတွင် ကလေးငယ်ရုပ်အလောင်း ၂၁၅ လောင်း ရှာဖွေတွေ့ရှိခဲ့ခြင်းကို တုံ့ပြန်ဆောင်ရွက်ရာတွင် သူ၏ အစိုးရအနေဖြင့် ရှေ့ဆက်အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ပြုံယမ်း ၊ မေ ၃၁ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန၏ မေ ၃၁ ရက်၌ ထုတ်ပြန်ခဲ့သည့် သတင်းဆောင်းပါးတွင် တောင်ကိုရီးယားနိုင်ငံ၏ ဒုံးကျည် တီထွင်ထုတ်လုပ်ခြင်း နှင့် အသုံးပြုခြင်း ကန့်သတ်ချက်များကို အမေရိကန်နိုင်ငံက ပယ်ဖျက်ပေးလိုက်သည့်အပေါ် ပြစ်တင်ဝေဖန်လိုက်ပြီး တောင်ကိုရီးယားနိုင်ငံ ပိုင်ဆိုင်ခွင့်ရမည့် ဒုံးကျည်ထိပ်ဖူး အလေးချိန်...