Connect with us

Science & Technology

တောင်ကိုရီးယားနိုင်ငံ ဒုံးကျည် တီထွင်ထုတ်လုပ်ခြင်း နှင့် အသုံးပြုခြင်း ကန့်သတ်ချက်အား ပယ်ဖျက်ပေးလိုက်သည့် အမေရိကန်နိုင်ငံကို မြောက်ကိုရီးယား ပြစ်တင်ဝေဖန်

ပြုံယမ်း ၊ မေ ၃၁ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန၏ မေ ၃၁ ရက်၌ ထုတ်ပြန်ခဲ့သည့် သတင်းဆောင်းပါးတွင် တောင်ကိုရီးယားနိုင်ငံ၏ ဒုံးကျည် တီထွင်ထုတ်လုပ်ခြင်း နှင့် အသုံးပြုခြင်း ကန့်သတ်ချက်များကို အမေရိကန်နိုင်ငံက ပယ်ဖျက်ပေးလိုက်သည့်အပေါ် ပြစ်တင်ဝေဖန်လိုက်ပြီး တောင်ကိုရီးယားနိုင်ငံ ပိုင်ဆိုင်ခွင့်ရမည့် ဒုံးကျည်ထိပ်ဖူး အလေးချိန် နှင့် ဒုံးကျည်ပစ်ခတ်နိုင်မှု အကွာအဝေး ကန့်သတ်ချက်အား ပယ်ဖျက်ပေးလိုက်ခြင်းသည် ခွင့်ပြု၍မရသည်ကို သိနေလျက်ပင် အမေရိကန်က ဆောင်ရွက်လိုက်သည့် ရန်လိုသော ဆောင်ရွက်မှုဖြစ်ကြောင်း ဖော်ပြထားသည်။ဆောင်းပါးတွင် အမေရိကန်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ မိမိကိုယ်ကို ကာကွယ်သည့် ဆောင်ရွက်မှုများကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်အား ချိုးဖောက်သည်ဟူ၍ ခေါင်းစဉ်တပ် ပြောကြားခဲ့သော်လည်း အခြားတစ်ဖက်တွင် တောင်ကိုရီးယားနိုင်ငံအား အကန့်အသတ်မရှိ ဒုံးကျည်ထုတ်လုပ်ခွင့်ပြုခဲ့ကြောင်း ၊ အမေရိကန်နိုင်ငံ၏ ကာလတစ်လျှောက် မြောက်ကိုရီးယားနိုင်ငံအပေါ် ရန်လိုသည့် မူဝါဒထားရှိမှုသည် ယင်းလုပ်ရပ်တွင် တစ်စုတစ်စည်းတည်း ပေါ်လွင်စေခဲ့ပြီး အမေရိကန်နိုင်ငံ၏ ဂုဏ်သိက္ခာမဲ့ စံနှုန်းအမျိုးမျိုးထား ခွဲခြားဆက်ဆံလုပ်ဆောင်နေသည့် လုပ်ရပ်အတွက် အလွန်ခိုင်လုံသော သက်သေအထောက်အထားဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဆောင်ပါးတွင် အမေရိကန်နိုင်ငံအနေဖြင့် ကိုရီးယားကျွန်ဆွယ် နှင့် အနီးပတ်ဝန်းကျင် ဒေသများတွင် မညီမျှသည့် ပုံစံမျိုးဖော်ဆောင်၍ မြောက်ကိုရီးယားနိုင်ငံအပေါ် ဖိနှိပ်မှုဆောင်ရွက်ရန် ကြံစည်နေကြောင်း ၊ ယင်းဆောင်ရွက်မှုသည် အပစ်အခတ်ရပ်စဲနေသည့် ကိုရီးယားကျွန်းဆွယ်အခြေအနေ အား ရှုပ်ထွေးပြီး မတည်ငြိမ်သည့် အခြေအနေသို့ ပိုမိုရောက်ရှိအောင် တွန်းပို့သည့် မှားယွင်းသော ဆောင်ရွက်မှု တစ်ခုဖြစ်ကြောင်း ၊ အမေရိကန်နိုင်ငံက တောင်ကိုရီးယားနိုင်ငံ ဒုံးကျည် ကန့်သတ်ချက်အား ဖြေလျှော့ပေးသည့် ရည်ရွယ်ချက်မှာ ကိုရီးယားကျွန်းဆွယ် နှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် စစ်လက်နက် ပြိုင်ဆိုင်မှုကို တွန်းအားပေးရန်အတွက်ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားရန်အတွက်ဖြစ်ကြောင်း ၊ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အင်အားကို အင်အားဖြင့် တုံ့ပြန်ခြင်း၊ ကောင်းမွန်သော သဘောထားကို ကောင်းမွန်စွာ ပြန်လည် ဆက်ဆံခြင်း ဟူသည့် ကျင့်ဝတ်ပိုင်းကို စောင့်ထိန်း၍ အမေရိကန်နိုင်ငံ နှင့် ဆက်ဆံရေး ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် အနေဖြင့် ယခုလအတွင်း အမေရိကန်နိုင်ငံသို့ အချိန် ၄ ရက်ကြာ တရားဝင် သွားရောက်လည်ပတ်မှုဆောင်ရွက်ခဲ့ကြောင်း ၊ အလည်အပတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံအနေဖြင့် တောင်ကိုရီးယား-အမေရိကန် ဒုံးကျည်လမ်းညွှန်ချက်ကို ပယ်ဖျက်ရန် သဘောတူညီမှု ရရှိခဲ့ကြကြောင်း ၊ အကဲခတ်များက ယင်းကဲ့သို့သော ဆောင်ရွက်မှုမျိုးသည် အမေရိကန်နိုင်ငံ ကတောင်ကိုရီးယားနိုင်ငံအား နည်းပညာ နှင့် တီထွင်မှု အကူအညီများကို အမျိုးအစားစုံလင်စွာ ၊ အကွာအဝေး အမျိုးမျိုး နှင့် အလေးချိန်အမျိုးမျိုးရှိသော ဒုံးကျည်များ ပိုင်ဆိုင်နိုင်ရန် ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ထားကြသည်။ (Xinhua)
—————————————————-
(Chinese Version)

(国际)朝鲜批评美国取消对韩国研发和使用导弹的限制

新华社平壤5月31日电(记者洪可润 江亚平)朝中社5月31日播发评论员文章,批评美国解除对韩国研发和使用导弹的限制,认为取消对韩国拥有导弹弹头的重量和导弹射程的限制,“是明知故犯的敌对行为”。

文章说,美国一方面对朝鲜的自卫措施贴上违反联合国“决议”的标签,一方面又对韩国赋予不受限制的导弹开发权。这是“美国一直不变的对朝敌视政策的集中表现,同时也是美国厚颜无耻的双重做法的活生生的铁证”。

文章说,“美国企图在朝鲜半岛和周边地区造成不对称的不平衡来打压朝鲜,是进一步激化处于停战状态的朝鲜半岛复杂尖锐的不稳定状态的严重失误”。美国放松韩国导弹“枷锁”的目的是“试图在朝鲜半岛和周边地区进一步激化军备竞赛来阻碍朝鲜的发展”。朝鲜将本着以强对强、以善对善的原则同美国打交道。

韩国总统文在寅本月对美国进行了为期4天的正式访问。访问期间,双方就废除韩美导弹指南达成共识。分析人士表示,这等于美国允许韩国借助美方技术研发和拥有各种射程和重量的导弹。(完)

Photo
朝中社3月26日提供的图片显示,朝鲜国防科学院25日进行新型战术制导导弹试射。 新华社/朝中社