ဆန်နာ ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ၏ ဟူတီသူပုန်များက ဆော်ဒီအာရေးဗျနိုင်ငံ Jizan လေဆိပ်သို့ဦးတည်၍ သြဂုတ် ၂၅ ရက် ညနေပိုင်းက ဒုံးကျည် ၁ဝ စင်းပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ သူပုန်အုပ်စုပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ဟန်ဒိုက်၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ) G-7 ထိပ်သီးဆွေးနွေးပွဲကို သြဂုတ် ၂၄ ရက်က လုံခြုံရေး ထူထပ်စွာချထားသည့် ပြင်သစ်နိုင်ငံ တောင်ပိုင်း ဘီရာရစ်ဇ်မြို့၌ စတင်ကျင်းပခဲ့ရာ ယင်းနေ့တွင်ပင် ဘီရာရစ်ဇ်မြို့၏ ၃၀ ကီလိုမီတာအကွာရှိ ဟန်ဒိုက်(Hendaye)တွင် G-7 အား ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဟောင်ကောင် ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ) ဗာနူအာတူ နိုင်ငံ ၊ ဆိုလာမြို့၏ အနောက်တောင်ဘက် ၆၃ ကီလိုမီတာ အကွာတွင် သြဂုတ် ၂၄ ရက်တွင် အင်အား ၆.၀ ပမာဏရှိ မြေငလျင် တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးအဖွဲ့(USGS) ထံမှ...
ခါတွန်၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ) ယခုကာလများအတွင်း ဆူဒန်နိုင်ငံ တစ်နိုင်ငံလုံးတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံ ဖြစ်ပွားမှုများကြောင့် သေဆုံးသူ ၆၀ ရှိပြီဖြစ်ပြီး လူပေါင်း ၁၀၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။
မကာအို ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ) မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) ၏ ပဉ္စမမြောက် အုပ်ချုပ်ရေးမှူးအဖြစ် ဟက်ရိချန် (Ho Iat Seng) သည် ယနေ့( သြဂုတ် ၂၅ ရက်) တွင် ရွေးချယ်တင်မြှောက်ခံရပြီး ၎င်းသည် တရုတ်နိုင်ငံဗဟိုအစိုးရ၏ တရားဝင်ခန့်အပ်မိန့်ကို စောင့်ဆိုင်းနေကြောင်း သိရသည်။