ဘဂ္ဂဒက်၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံတောင်ပိုင်း Dhi Qar ပြည်နယ်ရှိ ကိုဗစ်-၁၉ ကုသရေးဆေးရုံတစ်ခုတွင် ဇူလိုင် ၁၂ ရက်က ဖြစ်ပွားသည့် မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် သေဆုံးသူ (၉၂)ဦးအထိ မြင့်တက်လာကြောင်း အီရတ်နိုင်ငံပိုင်သတင်းအေဂျင်စီ (INA)က ဇူလိုင် ၁၃ ရက်တွင် ဖော်ပြခဲ့သည်။
အမ်မန်၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) ဂျော်ဒန်တော်ဝင်တရားရုံး တရားသူကြီးချုပ်ဟောင်း၊ ယခင်ဘဏ္ဍာရေးဝန်ကြီးBassem Awadallahနှင့် တော်ဝင်မိသားစုဝင်ဖြစ်သူ Sharif Hassan Ben Zeidတို့ကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှု၊ နိုင်ငံအုပ်ချုပ်ရေးအာဏာ အပြောင်းအလဲလုပ်ရန် လှုံ့ဆော်မှုတို့ဖြင့် ထောင် (၁၅)နှစ်စီ ချမှတ်လိုက်ကြောင်း ဂျော်ဒန်နိုင်ငံ အမျိုးသားလုံခြုံရေးတရားရုံးက ဇူလိုင် ၁၂ ရက်တွင်...
ဝူးလူမုချီ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် စွမ်းအင်အရင်းအမြစ်များ ကြွယ်ဝသည့်ဒေသတစ်ခုဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံ၏ အခြားဒေသများသို့ ပထမနှစ်ဝက်အတွင်း လျှပ်စစ်စွမ်းအင် ကီလိုဝပ်နာရီပေါင်း ၅၉ ဘီလီယံကို လွှဲပြောင်းပို့လွှတ်ပေးနိုင်ခဲ့ရာ နှစ်အလိုက်တိုးတက်မှုနှုန်း ၃၄ ရာခိုင်နှုန်းအထိ ရှိခဲ့သည့်အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကာဘွန်ဓါတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးတွင် အထောက်အကူဖြစ်စေခဲ့ကြောင်း...
ဂျကာတာ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း Sinovac မှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး နောက်ထပ်တစ်သုတ်သည် အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ပြည်နယ် Soekarno-Hatta နိုင်ငံတကာလေဆိပ်သို့ ပြီးခဲ့သည့်တနင်္လာနေ့က ရောက်ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin က ဆိုသည်။ အဆိုပါ...
ကွေ့ယန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၏ အရှည်ဆုံးမြစ်ကြီးတစ်စင်းဖြစ်သည့် ယန်ဇီမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော ဝူကျန့်မြစ်၌ ဂေဟဗေဒစနစ်ပြန်လည်တိုးတက်ကောင်းမွန်လျက်ရှိပြီဖြစ်ကြောင်းသိရသည်။ ဝူကျန့်မြစ်သည် ယခင်က အမှိုက်သရိုက်များဖြင့် ပြည့်နှက်နေရာ ရေထုညစ်ညမ်းသောမြစ်တစ်စင်း အဖြစ်ဒေသခံများက အမည်ပေးထားကြသည်။သို့ရာတွင် ကွေ့ကျိုးပြည်နယ်အစိုးရက ရေထုညစ်ညမ်းမှုများစွာဖြစ်နိုင်သည့် ဖော့စ်ဖရက်ညစ်ညမ်းမှုများအားထိန်းချုပ်ခြင်း၊ ရေဆိုးစွန့်ပစ်မှုများအားရှင်းလင်းခြင်းနှင့် ရေထု၏ ဂေဟစနစ်ပြန်လည်ကောင်းမွန်စေရန်တိုးမြှင့်လုပ်ဆောင်ခြင်းစသည့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ဆောင်ချက်များကို...