နန်ကျင်း ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) စမ်းသပ် ပျံသန်းမှုပေါင်းများစွာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီးနောက်တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ်လုပ်သော C919 ဂျမ်ဘိုဂျက်လေယာဉ်ကို လာမည့် ၂ဝ၂၁ ခုနှစ်တွင် နိုင်ငံ၏ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့မှ ပျံသန်းခွင့်လက်မှတ်ရရှိရန် စီစဉ်ထားကြောင်း C919 ဒီဇိုင်းအကြီးအကဲ Wu Guanghui ၏ပြောကြားချက်အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ် အနှံ့အပြားတွင် ဇူလိုင်လ အတွင်းဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် လူ ၃ ဦးသေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊မှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆင်ဟွာကိုပြောကြားခဲ့သည်။
ဒါကာ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေရှ့်နိုင်ငံ၌ ဇန်နဝါရီလမှ စတင်ဖြစ်ပွားခဲ့သော သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ အရေအတွက်သည် ၂၃ ဦးထိ မြင့်တက်လာကြောင်း ကျန်းမာရေးလုပ်ငန်းများညွှန်ကြားရေးမှူးချုပ်ရုံး(DGHS) က သြဂုတ် ၆ ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။
ဟွက်ဟောက် ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း Inner Mongolia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝူယွမ်နယ်မြေတွင် “သိုးကောင်ရေအများဆုံး တစ်ပြိုင်နက်ကင်နိုင်မှု” ဖြင့် ကမ္ဘာ့မှတ်တမ်း ဂင်းနစ်စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
ချုံကျင်း၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံကျင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် China Autonomous Technology & Research Center မှ 5 G ကွန်ရက်နည်းပညာသုံး မောင်းသူမဲ့ မော်တော်ယာဉ်များ မောင်းနှင်နိုင်သည့် နေရာတစ်ခု ကို စမ်းသပ်ဖွင့်လှစ်လိုက်ကြောင်းသိရသည်။ စမ်းသပ်ဖွင့်လှစ်ထားသည့် နေရာတွင် China...