မော်စကို ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံမော်စကိုမြို့လယ်ရှိ ဇိမ်ခံလူနေအဆောက်အဦတစ်လုံး မီးလောင်မှုတွင် သေဆုံးသူ ၈ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ရုရှားသတင်းမီဒီယာက ဖေဖော်ဝါရီ ၄ ရက်တွင် ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၌ လက်နက်/ခဲယမ်းနှင့် ဆက်သွယ်ရေးပစ္စည်းများ သိမ်းဆည်းရမိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ကိုလံဘို၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ၏ ၇၁ နှစ်မြောက် အမျိုးသားနေ့ နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၅၀၀ ကျော်အား နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဖေဖော်ဝါရီလ ၄ ရက်တွင် လွှတ်ပေးခဲ့ကြောင်း သိရသည်။