မော်စကို၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ဗြိတိန်ရေတပ် “HMS Defender”ဖျက်သင်္ဘော ပင်လယ်နက်ရေပြင်တွင် ရုရှားနယ်စပ်ကို ကျူးကျော်လာမှုအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန်သံအမတ်ကြီး Deborah Bronnertကို ဆင့်ခေါ်၍ ပြောကြားခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်က ဇွန် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ပင်လယ်နက်ရေပြင်၌ ဗြိတိန်ရေတပ်ဖျက်သင်္ဘော ရုရှားနယ်စပ်ကို...
ဒါကာ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 ကပ်ရောဂါ ပျံ့နှံ့မှုထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိပြီး မြို့တော် ဒါကာနှင့် ချိတ်ဆက်ထားသော သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများအား ဆိုင်းငံ့လိုက်ကြောင်း သိရသည်။ ဇွန် ၂၃ ရက် နံနက် ၁၂:၀၁ နာရီမှစတင်ကာ မြို့တော်မှ အဝင်၊ အထွက် ရထားများအားလုံးကို...
ဝါရှင်တန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီ Surfside မြို့နယ်တွင် (၁၂)ထပ် အမြင့်ရှိသည့် လူနေအဆောက်အအုံတစ်ခုသည် ဇွန် ၂၄ ရက်တွင် တစ်စိတ်တစ်ပိုင်း ပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၃)ဦး သေဆုံးပြီး (၁၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း...
ချင်းသောင်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ Fuxing မြန်နှုန်းမြင့်ရထား ပုံစံအသစ်နှစ်မျိုးကို ဇွန် ၂၅ရက်တွင် စတင် ပြေးဆွဲမည်ဟုသိရသည်။ တစ်နာရီလျှင် ၃၅၀ ကီလိုမီတာအမြန်နှုန်းဖြင့်ပြေးဆွဲမည့် အဆိုပါ ရထားအမျိုးအစားများမှာ CR400AF-Z နှင့် CR400AF-BZ တို့ ဖြစ်ကြသည်။
ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံ ၏ အာကာသ ရည်မှန်းချက် အကောင်အထည်ဖော်ဆောင်မှု အပေါ် အခိုင်အမာ အားပေးထောက်ခံသည့် အနေဖြင့် ဗုဒ္ဓဟူးနေ့မနက်ပိုင်းက တရုတ်နိုင်ငံ မှ တည်ဆောက်နေသည့် အာကာသစခန်း ပင်မခန်း Tianhe ၌ ရောက်ရှိနေသော အာကာသယာဉ်မှူး...