Connect with us

International Organizations

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ အနေဖြင့် ISIS တို့၏ ပြစ်မှုကျူးလွန်သော သက်သေများကို အီရတ်နိုင်ငံသို့ အချိန်မီပေးအပ်ရန် တရုတ်နိုင်ငံ တိုက်တွန်း

ကုလသမဂ္ဂ ၊ မေ ၁၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂတွင် မေ၁၀ ရက်၌ ကျင်းပပြုလုပ်သော ISIS တို့၏ အီရတ်နိုင်ငံ၌ ကျူးလွန်ခဲ့သည့် ပြစ်မှုများ သက်သေစုံစမ်းစစ်ဆေးရေး လုပ်ငန်း ဗီဒီယိုကွန်ဖရန့်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယကိုယ်စားလှယ် ကိန်းစွမ် က ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် အချိန်မီ ပြည့်စုံစွာ အီရတ်နိုင်ငံထံသို့ သက်သေအထောက်အထားများ ပေးအပ်ရန် တိုက်တွန်းပြောကြားခဲ့သည်။ကိန်းစွမ်က တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အီရတ်နိုင်ငံ Yazidis အသိုင်းအဝိုင်း တိုက်ခိုက်ခံရမှု နှင့် Tikrit လေကြောင်းကောလိပ် တိုက်ခိုက်ခံရမှုတို့နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုအပေါ်ရရှိခဲ့သည့် ရလာဒ်များနှင့်ပတ်သက်၍ ကြိုဆိုပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ISIS နှင့်ပတ်သက်သည့် သက်သေအထောက်အထားများစွာကို စုဆောင်းနိုင်ခဲ့ကြောင်း ၊ ယင်းသက်သေအထောက်အထားများအား အီရတ်နိုင်ငံအစိုးရထံ အချိန်မီ လွှဲပြောင်းပေးအပ်မှသာ အကြမ်းဖက်သမားများအား ပြစ်ဒဏ်ချမှတ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်၏ သတ်မှတ်ချက်များနှင့်အညီ အချိန်မီပြည့်စုံစွာ အီရတ်နိုင်ငံသို့ သက်သေအထောက်အထားများကို လွှဲပြောင်းပေးအပ်သွားရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ကိန်းစွမ်က အကြမ်းဖက်ဝါဒသည့် လူသားမျိုးနွယ်အသိုင်းအဝိုင်းတစ်ခုလုံး၏ ဘုံရန်သူဖြစ်ကြောင်း ၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဆက်လက်၍ အီရန်နိုင်ငံမှ အကြမ်းဖက်ဝါဒအား တိုက်ဖျက်မှုအပေါ်ထောက်ခံအားပေးသွားရမည်ဖြစ်ကြောင်း ၊ အကြမ်းဖက်သမားများအား တရားဥပဒေအရ ပြစ်ဒဏ်ချမှတ်ပြီး မလွယ်ကူစွာရရှိလာသော အကြမ်းဖက်တိုက်ဖျက်ရေးအောင်မြင်မှုများကို ခိုင်မာအောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ တစ်ချိန်တည်းမှာပင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လက်တွေ့ကျကျ အီရတ်နိုင်ငံ၏ အချုပ်အခြာအာဏာ နှင့် အီရတ်နိုင်ငံ နယ်နိမိတ်အတွင်း ဖြစ်ပွားခဲ့သည့် ပြစ်မှုများအား တရားရေး စီရင်ပိုင်ခွင့်အပေါ် လေးစားမှုထားရှိရမည်ဖြစ်ပြီး အီရတ်နိုင်ငံက ပြည်တွင်းဥပဒေဖြင့် အကြမ်းဖက်သမားများအပေါ် ပြစ်ဒဏ်စီရင်ခြင်းအပေါ် ထောက်ခံအားပေးရမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အီရတ်နိုင်ငံမှ ISIS အကြမ်းဖက်သမားများကို ပြည်တွင်း၌ တရားရေးဆောင်ရွက်မှုများအား တက်ကြွစွာဆောင်ရွက်သည့် အပေါ် ချီးကျူးလိုပြီး သက်ဆိုင်ရာအသီးသီး နှင့် ကုလသမဂ္ဂ အနေဖြင့် အီရတ်နိုင်ငံ ၏ ပြည်တွင်းရှိ နိုင်ငံခြားသား အကြမ်းဖက်စစ်ဆင်ရေးပြဿနာအပေါ် ဆောင်ရွက်မှုအား ထောက်ခံအားပေးသင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————————————
(English Version)

(国际)中方呼吁联合国调查组及时向伊拉克移交“伊斯兰国”罪证

新华社联合国5月10日电中国常驻联合国副代表耿爽10日在联合国收集“伊斯兰国”在伊拉克犯罪证据调查组工作视频通报会上发言,呼吁联合国调查组及时、完整向伊方移交证据。
他说,中方欢迎联合国调查组针对伊拉克雅兹迪社群袭击事件、提克里特空军学院遇袭事件的调查取得阶段性成果。调查组收集了大量“伊斯兰国”罪证。只有及时移交给伊拉克政府,才能转化为向恐怖分子追责的切实成果,才能完成安理会第2379号决议的预期目标。中方希望调查组根据安理会有关决议规定,及时、完整向伊方移交证据。
他说,恐怖主义是人类社会公敌。国际社会要继续支持伊拉克打击恐怖主义,将恐怖分子绳之以法,巩固来之不易的反恐成果。同时,国际社会也应切实尊重伊拉克主权和对发生在伊领土上罪行的司法管辖权,支持伊方根据国内法律对恐怖分子追责。中方赞赏伊方积极推进对前“伊斯兰国”恐怖分子追责的国内立法工作。有关各方和联合国还应支持伊拉克处理在伊外国恐怖作战分子问题。(完)

Photo
7月20日,一名推童车的女子经过位于纽约的联合国总部游客入口处。 新华社记者 王建刚 摄