ပေကျင်း၊ မေ ၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်ရှိ နောက်ဆုံးအသုတ် အမေရိကန်တပ်ဖွဲ့ဝင် (၂,၅၀၀)မှ(၃,၅၀၀)ခန့်ကို မေ ၁ ရက်တွင် ရုပ်သိမ်းလိုက်ပြီဖြစ်ရာ နှစ်(၂၀)နီးပါးကြာ အာဖဂန်စစ်ပွဲ အဆုံးသတ်တော့မည်ဖြစ်ကြောင်း သိရသည်။
နယူးဒေလီ ၊ မေ ၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း COVID-19 လူနာသစ် ၃၉၂,၄၈၈ ဦး မြင့်တက်လာခြင်းနှင့်အတူ မေ ၂ ရက်တွင် COVID-19 လူနာပေါင်း ၁၉,၅၅၇,၄၅၇ ဦးထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
ဝါရှင်တန်၊မေ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်မှုမြင့်မားနေစဉ်အခါက ၎င်း၏ ကပ်ရောဂါထိန်းချုပ်ရေးဆောင်ရွက်ပုံများကို အိန္ဒိယနိုင်ငံအနေဖြင့် လေ့လာသင်ယူနိုင်ကြောင်း အမေရိကန်နိုင်ငံ ဓာတ်မတည့်ခြင်း နှင့် ကူးစက်ရောဂါဆိုင်ရာ သုတေသနဌာန ညွှန်ကြားရေးမှူး အန်တိုနီဖော့စီ (Anthony Fauci) ကပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်မှုမြင့်မားနေချိန် ယာယီဆေးရုံတစ်ခုအတွင်း...
ဗျူနိုအေးရိစ် ၊ မေ ၃ ရက်(ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 လူနာသစ် ၁၁,၃၉၄ ဦး နှင့် သေဆုံးသူ ၁၅၆ ဦး ရှိခဲ့ပြီး နိုင်ငံအနှံ့ရောဂါ ဖြစ်ပွားသူပေါင်း ၃,၀၀၅,၂၅၉ ဦး နှင့် သေဆုံးသူ ၆၄,၂၅၂ ဦး...
ကမ်ဘာရာ ၊ မေ ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံမှ ဝင်ရောက်လာသော ခရီးသွားများအား ပြည်ဝင်ခွင့်တားမြစ်ရန် အစိုးရ၏ ဆုံးဖြတ်ချက်သည် လူမျိုးရေး အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုချက်များကို ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne က ငြင်းဆိုလိုက်သည်။ အိန္ဒိယနိုင်ငံမှ ပြန်လာသူများအနေဖြင့် ဟိုတယ် Quarantine နေစဉ်အတွင်း ဩစတြေးလျနိုင်ငံသားများအကြား...