ကျိုချွမ်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) Shenzhou-12 လူလိုက်ပါသော အာကာသခရီးစဉ်၏ တရုတ်အာကာသယာဉ်မှူး ၃ ဦးအား လိုက်ပါပို့ဆောင်ခြင်း ဂုဏ်ပြုငအခမ်းအနားကို နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာ Wentiange ရင်ပြင်တွင် ဇွန် ၁၇ ရက် နံနက်ပိုင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဘန်ကောက် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံတွင် စီးပွားရေး ပြန်လည် နလံထူရန် လာမည့် ရက်ပေါင်း ၁၂၀ အတွင်း နိုင်ငံခြားခရီးသွားများအတွက် အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးခြင်း နှင့် အောက်တိုဘာလတွင် နိုင်ငံ့လူဦးရေ သန်း ၅၀ ကျော်ကို COVID-19 ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်စီထိုးနှံပြီးစီးရန်...
ဂျီနီဗာ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် ရုရှားသမ္မတ ပူတင်တို့သည် ဇွန် ၁၆ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးမှုအပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ရာတွင် နှစ်နိုင်ငံအကြား လက်နက်ထိန်းချုပ်ရေးနှင့် ရုတ်ခြည်းပဋိပက္ခဖြစ်ပွားနိုင်မှုအန္တရာယ်ကို လျှော့ချရေး စသော ကဏ္ဍများတွင်...
ပေကျင်း၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတစ်ဝန်းလုံးတွင် COVID-19 စစ်ဆေးရေး နမူနာများကို အလိုအလျှောက် လွှဲပြောင်းစစ်ဆေးသည့် စနစ်ဖြင့် ပထမဆုံး အသုံးပြုဆောင်ရွက်လျက်ရှိသည်။ MGISTP-7000 ဟုအမည်ပေးထားသည့် ထိုစနစ်သည် COVID-19 ကပ်ရောဂါ ကာလအတွင်း နျူကလစ်အက်ဆစ် စစ်ဆေးရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၌ ယင်း နမူနာများအလိုအလျောက်လွှဲပြောင်းစနစ်သုံးစွဲမှုမှာ...
ကျိုချွမ်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဇွန် ၁၇ ရက်တွင်လွှတ်တင်မည့် လူလိုက်ပါအာကာသ ခရီးစဉ်အတွက် လိုက်ပါသွားကြမည့် အာကာသယာဉ်မှူးများ ဖြစ်ကြသော နွဲ့ဟိုင်စိန့်၊ လျိုပေါ်မင်၊ ထန်းဟုန်ပေါတို့ (၃)ဦးအား China Manned Space Agency (CMSA)က ဗုဒ္ဓဟူးနေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပ၍...