ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) အာရှဒေသမြို့ကြီးများတွင် မြန်မာနိုင်ငံရှိ နေပြည်တော် နှင့် ရန်ကုန်မြို့ သည် အပူချိန် အမြင့်မားဆုံးမြို့ကြီးများအဖြစ် တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က ဧပြီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီလအတွင်း လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ဧပြီ ၁ရက်တွင် သတင်းထုတ်ပြန်သည်။
ဟန်ကျိုး၊ ဧပြီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် COVID-19 တုန့်ပြန်ရေးတွင် လတ်တလောနှင့် ကာလရှည်အတွက် ပြင်ပမှဝင်ရောက်လာသော ရောဂါဖြစ်ပွားမှုကာကွယ်ရေးကို ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဧပြီ ၁ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) COVID-19 ရောဂါကူးစက်မှုကာကွယ်ရန်အတွက် လူများအနေဖြင့် အိမ်၌ နေထိုင်ချိန်အတွင်း ပြုမူဆောင်ရွက်ရန် အိမ်ခြံဝင်းဥယျာဉ်စိုက်ပျိုးရေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် (အဖွဲ့ဝင်) ဦးမျိုးတင့်ထွန်းက ဧပြီ ၁ ရက်တွင် ဆင်ဟွာကိုပြောသည်။
ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံအတွက် Palapa-N1 အမည်ရှိသော ဆက်သွယ်ရေးဂြိုဟ်တုတစ်စင်းကို စီချွန်းပြည်နယ်ရှိ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ရန်ပြင်ဆင်နေကြောင်း သိရသည်။