ဝါရှင်တန်၊ ဇွန် ၉ ရက်(ဆင်ဟွာ) အမေရိကန်လွှတ်တော် ကက်ပီတိုအဆောက်အဦလုံခြုံရေးရဲအရာရှိတစ်ဦးအပါအဝင် လူ ၅ ဦးထိ သေဆုံးခဲ့ရသည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်ကဖြစ်ပွားခဲ့သော လွှတ်တော်စီးနင်းခံရသည့် အဓိကရုဏ်းတွင် ထောက်လှမ်းရေး နှင့် ဆက်သွယ်ရေးစနစ်များ ပျက်ကွက်ခဲ့ကြောင်း အမေရိကန်ဆီးနိုတ်လွှတ်တော်က အင်္ဂါနေ့တွင် အစီရင်ခံစာသစ် တစ်စောင်ထုတ်ပြန်ခဲ့သည်။
ကွမ်ကျိုး၊ ဇွန် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ကျိုးတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် အထက်တန်းကျောင်းသား ၂ ဦးမှာ COVID-19 ကူးစက်ခံထားရသောကြောင့်စမ်းသပ်တွေ့ရှိသဖြင့် ၎င်းတို့အား ဆေးရုံ ၌ စာမေးပွဲ ဖြေဆိုနိုင်ရန် စီစဉ်ပေးခဲ့ကြောင်းသိရသည်။ လတ်တလော တွင် ကပ်ရောဂါကူးစက်ခံရမှုများရှိနေသော်လည်း ကွမ်ကျိုး ၌ နှစ်စဉ် ကျင်းပလေ့ရှိသည့်...
နယူးဒေလီ၊ ဇွန် ၉ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဥတ္တရပဒေသပြည်နယ်တွင် ဇွန် ၈ ရက်ညပိုင်းက ဘတ်စ်ကားနှင့်ကုန်ကား တိုက်မိမှုဖြစ်ပွားရာ အနည်းဆုံး လူ (၁၇)ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယမီဒီယာများ၏ ၉ ရက် သတင်းများအရ သိရသည်။
ဂျကာတာ၊ ဇွန် ၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံရှိ လှုပ်ရှားမှုအရှိဆုံး မီးတောင်ရှင် Mount Merapi မှ အနောက်တောင်ဘက် မီတာ ၁,၆၀၀ ကျော်အထိ မီးခိုးပူများ သုံးကြိမ် မှုတ်ထုတ်ခဲ့ကြောင်း ဘူမိဗေဒဆိုင်ရာ သဘာဝဘေးအန္တရာယ် နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာက ဇွန် ၉ ရက်၌ ပြောကြားခဲ့သည်။
ဆိုဖီယာ ၊ ဇွန် ၉ ရက်(ဆင်ဟွာ) ပင်လယ်နက်ပေါ်တွင် ပြုလုပ်သည့် ဘူဂေးရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း ဘူဂေးရီးယားနိုင်ငံမှ MiG-29 တိုက်လေယာဉ်တစ်စင်းသည် ရေဒါမြင်ကွင်းမှ ကွယ်ပျောက်သွားခဲ့ပြီး ၎င်းအား ရှာဖွေရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ဇွန် ၉ ရက် နံနက်ပိုင်းတွင် ဘူဂေးရီးယားနိုင်ငံ အစိုးရက ပြောကြားခဲ့သည်။