Connect with us

WORLD

ဧပြီ ၂၄ ရက်မှ ၃၀ ရက် အတွင်း အိန္ဒိယနှင့် ဗြိတိန် နှစ်နိုင်ငံကြား ပျံသန်းမည့် Air India လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

၂၀၂၀ပြည့်နှစ် မေ ၂၅ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီ မြို့ Indira Gandhi အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လုံခြုံရေးဝန်ထမ်းတစ်ဦး တာဝန်ထမ်းဆောင်စဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သော Air India လေကြောင်းလိုင်းသည် ဗြိတိန်နိုင်ငံမှ မကြားသေးမီက ထုတ်ပြန်ခဲ့သည့်ကန့်သတ်ချက်များကြောင့် ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်း အိန္ဒိယနှင့် ဗြိတိန်နှစ်နိုင်ငံအကြား ပျံသန်းရန်စီစဉ်ထားသော လေယာဉ်ခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်သည်ဟုကြေညာခဲ့ကြောင်း တာဝန်ရှိသူ က ဧပြီ ၂၂ ရက်တွင် ပြောသည်။

“ဗြိတိန်အာဏာပိုင်များက ဆောင်ရွက်မည့်ကန့်သတ်ချက်များကြောင့် ဧပြီ ၂၄ ရက်မှ ၃၀ ရက်အထိ လေကြောင်းခရီးစဉ်များအား အိန္ဒိယဘက်မှ ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်’’ ဟု Air India ကဆိုသည်။ဧပြီ ၂၃ ရက်တွင် ဒေလီနှင့် မွန်ဘိုင်းမှ ဗြိတိန် သို့ ပျံသန်းမည့် လေယာဉ်ခရီးစဉ် ၂ ခုကို လည်းဖျက်သိမ်းလိုက်ကြောင်း လေကြောင်းလိုင်းမှ ထုတ်ပြန်ခဲ့သည်။

COVID-19 ဖြစ်ပွားမှုများပြားလာခြင်းကြောင့် ဗြိတိန်နိုင်ငံက အိန္ဒိယနိုင်ငံအား ခရီးသွားစာရင်းတွင် အနီရောင် အဆင့်ဖြစ် ထည့်သွင်း သတ်မှတ်ခဲ့သည်။ယင်းကန့်သတ်ချက်ကာလအတွင်း ဒေလီနှင့် မွန်ဘိုင်းမှ ဗြိတိန်သို့ တစ်ပတ်လျှင်တစ်ကြိမ် ပျံသန်းရန် စီစဉ်ထားကြောင်း နိုင်ငံပိုင်လေကြောင်းလိုင်းကဆိုသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ကူးစက်မှုအမြင့်မားဆုံးအဖြစ်နေ့စဉ်မြင့်တက်လျက်ရှိပြီး ပြီးခဲ့သည့် ၂၄ နာရီအတွင်း ထပ်မံကူးစက်ခံရသူ ၃၁၄,၈၃၅ ဦးနှင့် သေဆုံးသူ ၂၁၀၄ ဦးရှိကြောင်း အိန္ဒိယနိုင်ငံမှ ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံသည် COVID-19 ရောဂါဖြစ်ပွါးမှုပြန်လည်မြင့်တက်မှုဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။ (Xinhua)

————————————————–
(English Version)

Air India cancels flights between India, Britain from April 24-30
NEW DELHI, April 22 (Xinhua) — India’s national carrier, Air India, has announced that all its scheduled flights between India and Britain from April 24 to 30 had been cancelled in the wake of the recent restrictions announced by Britain, officials said Thursday.
“Due to restrictions implemented by British authorities, flights scheduled between 24th to 30th April from India stands cancelled,” Air India said.
The airline announced that two flights destined to Britain originating from Delhi and Mumbai on Friday too have been cancelled.
Britain has placed India on its travel “red list” over a surge in COVID-19 cases.
The national carrier said it was working to schedule once a week flight to Britain from Delhi and Mumbai during the interval of this restriction.
India on Thursday reported the world’s biggest-ever daily surge with 314,835 new cases and 2,104 deaths in the past 24 hours.
India is presently witnessing a resurgence in COVID-19 cases. Enditem