ရာမာလာ ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသရှိနိုင်ငံများ၏ ဧပြီ ၁၉ ရက် COVID-19 ကပ်ရောဂါဆိုင်ရာ ထုတ်ပြန်ကြေညာချက်များအရ နိုင်ငံအသီးသီး၏ ကပ်ရောဂါအခြေအနေမှာ ကွဲပြားမှုများရှိနေကြပြီး အချို့နိုင်ငံများတွင် ကပ်ရောဂါအခြေအနေတစ်ကြော့ပြန် ဆိုးရွားမြင့်တက်လာခဲ့ကာ ရောဂါထပ်မံကူးစက်ခံရသူအရေအတွက်မှာလည်း မြင့်မားသည့် အခြေအနေတွင်ရှိနေကြောင်း ၊ အချို့နိုင်ငံများကမူ ကပ်ရောဂါအခြေအနေက သိသာထင်ရှားစွာ...
ပေကျင်း ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတစ်ဝှမ်း ဧပြီ ၁၈ ရက်အထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေပေါင်း ၁၉၂ ဒသမ ၁၃ သန်းနီးပါးစာ ထိုးနှံပေးထားပြီးဖြစ်ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်ထံမှ ဧပြီ ၁၉ ရက်တွင် သိရသည်။ တရုတ်ပြည်မကြီးတွင် ဧပြီ ၁၉...
ဘန်ကောက်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ဧပြီ ၂၀ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၁,၄၄၃ဦး နှင့် သေဆုံးသူ ၄ ဦးရှိကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA) ပြောရေးဆိုခွင့်ရှိသူ Taweesin Visanuyothin ကပြောသည်။
နယူးဒေလီ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် အသက် ၁၈ နှစ်နှင့် အထက်ရှိသူများအားလုံးအနေဖြင့် မေ ၁ ရက်မှစတင်ကာ COVID-19 ကာကွယ်ဆေးထိုးနှံခွင့် ရရှိမည်ဖြစ်ကြောင်း ဖက်ဒရယ်အစိုးရက ဧပြီ ၁၉ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး 5G မိုဘိုင်းကွန်ရက် တည်ဆောက်ရာတွင် ကနဦး အောင်မြင်မှုများ ရရှိခဲ့ကြောင်း စက်မှု နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန(MIIT)ထံမှ ဧပြီ ၁၉ ရက်တွင် သိရသည်။