Connect with us

CHINA

တရုတ်နိုင်ငံတစ်ဝှမ်း COVID-19 ကာကွယ်ဆေး အကြိမ်ရေပေါင်း ၁၉၂ သန်းကျော်စာ ထိုးနှံပေးထား

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ရွေ့လျားကာကွယ်ဆေးထိုးယာဉ်ဖြင့် ကာကွယ်ဆေး လိုက်လံထိုးပေးနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတစ်ဝှမ်း ဧပြီ ၁၈ ရက်အထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေပေါင်း ၁၉၂ ဒသမ ၁၃ သန်းနီးပါးစာ ထိုးနှံပေးထားပြီးဖြစ်ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်ထံမှ ဧပြီ ၁၉ ရက်တွင် သိရသည်။
တရုတ်ပြည်မကြီးတွင် ဧပြီ ၁၉ ရက်တွင် ပြည်ပမှ ဝင်ရောက်သူ COVID-19 လူနာသစ် ၁၁ ဦး တွေ့ရှိခဲ့ပြီး စုစုပေါင်း အတည်ပြုလူနာ ၉၀,၅၁၀ ဦးထိ ရှိလာခဲ့ကြောင်း ကော်မရှင်ထံမှ သိရသည်။

တရုတ်နိုင်ငံသည် ပြည်သူများအား ဆန္ဒအလျောက် ကာကွယ်ဆေးထိုးနှံရန် နှင့် ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ချက် ပြည့်မီသူအားလုံးအတွက် လက်လှမ်းမီစေရန် အားပေးမှု နှင့် လမ်းညွှန်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦး ဖြစ်သည့် Wu Liangyou က မကြာမီက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ပြည်တွင်းသို့ ရောဂါကူးစက်မှု အန္တရာယ်မြင့်မားနိုင်ခြေရှိသည့် ဆိပ်ကမ်း နှင့် နယ်စပ်မြို့များ ၊ မြို့ကြီးများနှင့် အလယ်အလတ်အဆင့်မြို့များ ၊ အစုပြုံလိုက် ကူးစက်မှု ဖြစ်ပွားခဲ့သော ဒေသများ အပါအဝင် ဦးစားပေးဒေသများတွင် လတ်တလောတွင် ကာကွယ်ဆေး ထိုးနှံမှုများ ဆောင်ရွက်လျက်သည်။ ဦးစားပေးလူများစာရင်းထဲတွင် အအေးခန်းစားကုန်ထောက်ပံ့ရေးကွင်းဆက်များ ၊ ဆေးဘက်ဆိုင်ရာ နှင့် ပုဂ္ဂလိက ကဏ္ဍမှ ဝန်ထမ်းများလည်း ပါဝင်ပြီး ၎င်းတို့အား ကာကွယ်ဆေး ဦးစားပေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း Wu Liangyou က ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
——————————————-
(English Version)
Over 192 mln COVID-19 vaccine doses administered across China
BEIJING, April 19 (Xinhua) — Nearly 192.13 million doses of COVID-19 vaccines had been administered across China as of Sunday, the National Health Commission said Monday.
The Chinese mainland on Sunday reported 11 new imported COVID-19 cases, bringing the total number of confirmed cases to 90,510, according to the commission.
China will guide and encourage the public to get inoculated voluntarily and ensure all people eligible for vaccination have access to it, Wu Liangyou, an official with the commission, said at a recent press conference.
China is currently rolling out its vaccination in priority regions, including port and border cities with high risks of imported infection, big and medium-sized cities, and regions with a history of cluster infections. Priority populations, including cold chain, medical, and public sector staff, are also receiving the vaccines, Wu added. ■