ကို့တ်နျူ ၊ မတ် ၂၂ ရက်(ဆင်ဟွာ) ဘီနင်နိုင်ငံ၏ စီးပွားရေး မြို့တော် ကို့တ်နျူ (Cotonou) သို့ တရုတ်ဆေးဝါးကုမ္ပဏီ ဖြစ်သည့် Sinovac မှ ထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တစ်သုတ်သည် မတ် ၂၁ ရက် ညနေပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နယူးဒေလီ ၊ မတ် ၂၂ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Lok Sabha Om Birla တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ဒေလီအခြေစိုက် အိန္ဒိယဆေးဘက်ဆိုင်ရာသိပ္ပံဌာန(AIIMS)မှ တာဝန်ရှိသူတစ်ဦးက မတ် ၂၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
နီယာမီ၊မတ် ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေးတစ်သုတ်သည် နိုင်ဂျာနိုင်ငံမြို့တော် နီယာမီမြို့(Niamey) သို့ မတ် ၂၁ ရက် က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဟူနန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ဟူနန်ပြည်နယ် Huaihua မြို့တွင်အလွန်လှပကျယ်ပြန့်သည့် ဆီမုန်ညှင်း (rapeseed) ပန်းခင်းကြီးများစိုက်ပျိုးထားရှိသည်။ အဆိုပါ ပန်းခင်းကြီးများအထက်တွင်၂၀၁၆ ခုနှစ်က အပြီးတည်ဆောက်ခဲ့သည့် ရှန်ဟိုင်းနှင့် ကူမင်းမြို့အကြား ချိတ်ဆက်ပြေးဆွဲသည့်မြန်နှုန်းမြင့်ရထားလမ်းတံတားကြီးရှိသည်။ ယခု ဗီဒီယိုမှာ ရွှေရောင်လွှမ်းကာလှပနေသည့် ပန်းခင်းကြီးအလယ်တွင် တစ်နာရီလျှင် ၃၀၀ ကီလိုမီတာအမြန်နှုန်းဖြင့်မောင်းနှင်သည့်အဆိုပါမြန်နှုန်းမြင့်ရထားများ...
ဘဂ္ဂဒတ်၊မတ် ၂၂ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံအမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့(INIS) မှ အဆင့်မြင့်အရာရှိတစ်ဦးကို ဘဂ္ဂဒတ်မြို့တော်၌ မတ် ၂၁ ရက်တွင် သေနတ်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့သတင်းအရင်းအမြစ်များက ဆိုသည်။