နယူးဒေလီ၊ မတ် ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ဒုတိယအဆင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို မတ် ၁ ရက်က စတင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဒုတိယအဆင့်တွင် အသက် ၆၀ နှစ်အထက်နှင့် ရောဂါအခံရှိသူ အသက် ၄၅ နှစ်အထက်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်သည်။
ပေကျင်း၊ မတ် ၂ ရက်(ဆင်ဟွာ) ပြီးခဲ့သည့်အပတ်က လူ (၇၉)ဦးသေဆုံးခဲ့ရသည့် အကျဥ်းထောင်အဓိကရုဏ်းဖြစ်ပွားမှုသည် ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားသည် နိုင်ငံဖြတ်ကျော်ပြစ်မှုတစ်ခုဖြစ်ကြောင်း၊ အီကွေဒေါအကျဉ်းထောင်စနစ်အခြေအနေသည် အလွန်ဆိုးဝါးနေဆဲဖြစ် ကြောင်း အီကွေဒေါ အစိုးရအရာရှိတစ်ဦးက မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ မတ် ၃ ရက် (ဆင်ဟွာ) လာအိုနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်း ၁၅၀,၀၀၀ ခန့်အား တရုတ်နိုင်ငံမှ လှူဒါန်းထားသော Sinopharm ကာကွယ်ဆေး အသုံးပြုလျက် မတ်လနှင့် ဧပြီလအတွက် COVID-19 တိုက်ဖျက်ရေး ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာက မတ် ၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ရီယာဒ်၊ မတ် ၃ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသနိုင်ငံများရှိ ဆင်ဟွာသတင်းဌာန သတင်းထောက်များ၏ သတင်းပေးပို့ချက်အရ အရှေ့အလယ်ပိုင်းဒေသတွင် COVID-19 ရောဂါက ဆက်လက် ပြန့်ပွားနေပြီး နိုင်ငံအများတွင် တစ်ရက်အတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူဦးရေ က မြင့်မားစွာ တိုးမြင့်လာကြောင်း သိရှိရသည်။
တိုကျို၊ မတ် ၃ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတွင် Pfizer- BioNTech ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးနောက် လူတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း၊ ၎င်းမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးနောက် ဂျပန်နိုင်ငံ၌ ပထမဆုံး လူသေဆုံးမှုဖြစ်ကြောင်း၊ သေဆုံးမှုမှာကာကွယ်ဆေးထိုးနှံခြင်းနှင့်သက်ဆိုင်မှုရှိမရှိ အတိအကျ မသိရသေးကြောင်း ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။