Connect with us

ASEAN

ဂျပန်နိုင်ငံတွင် ကိုဗစ် ကာကွယ်ဆေးထိုးနှံပြီးနောက် သေဆုံးမှု ပထမဆုံး ဖြစ်ပွား၊ အချင်းဖြစ်အကြောင်းအရင်း အတိအကျ မသိရသေး

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေသည်ကို ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို၊ မတ် ၃ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် Pfizer- BioNTech ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးနောက် လူတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း၊ ၎င်းမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးနောက် ဂျပန်နိုင်ငံ၌ ပထမဆုံး လူသေဆုံးမှုဖြစ်ကြောင်း၊ သေဆုံးမှုမှာကာကွယ်ဆေးထိုးနှံခြင်းနှင့်သက်ဆိုင်မှုရှိမရှိ အတိအကျ မသိရသေးကြောင်း ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

ရောဂါအခံမရှိသည့် အသက်(၆၀)ကျော် အမျိုးသမီး ကျန်းမာရေးဝန်ထမ်းတစ်ဦးသည် ဖေဖော်ဝါရီ ၂၆ ရက်တွင် Pfizer- BioNTech ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူပြီး (၃)ရက်အကြာတွင် သေဆုံးသွားခဲ့ကြောင်း၊ သေဆုံးသည့်အကြောင်းအရင်းမှာ Subarachnoid hemorrhage(SAH)ဖြစ်ကြောင်း ၊ သို့သော်လည်း သေဆုံးမှုမှာ ကာကွယ်ဆေးနှင့်ဆက်စပ်မှုရှိမရှိ မဆုံးဖြတ်နိုင်သေးကြောင်း ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကာကွယ်ဆေးထိုးနှံရန် အချက်အလက်ဖြည့်စွက်ဇယား စစ်ဆေးနေသည်ကို ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် မတ် ၂ ရက်က ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ(၈၈၈)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ (၄၃၄,၃၀၄)ဦး၊ အသစ်ထပ်တိုး သေဆုံးသူ (၆၅)ဦးနှင့် စုစုပေါင်း သေဆုံးသူ (၈,၀၁၃)ဦး ရှိကြောင်း NHKရုပ်သံ သတင်းများအရ သိရသည်။ ကိန်းဂဏန်းများအရ ဂျပန်တွင် တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာ(၁,၀၀၀)အောက် လျော့နည်းလာခြင်းသည် မတ် ၂ ရက်အထိ သုံးရက်ဆက်တိုက် ဖြစ်သည်။ တိုကျိုတွင် ယင်းနေ့၌ အသစ်ထပ်တိုးအတည်ပြုလူနာ(၂၃၂)ဦး ရှိရာ ယခုရက်ပိုင်း ရက်သတ္တပတ်ကာလ တစ်ရက်အတွင်း ထပ်တိုးလူနာဦးရေသည် ပျမ်းမျှအားဖြင့် (၂၆၃)ဦး ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံရန် ပြင်ဆင်နေသည်ကို ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မြို့တော်တိုကျိုနှင့်အနီးတစ်ဝိုက် စီရင်စု(၃)ခု၏ အရေးပေါ်ကာလကို မတ် ၇ ရက်တွင် အဆုံးသတ်မည်ဟု မူလက သတ်မှတ်ထားခဲ့သော်လည်း ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါက သက်ဆိုင်ရာအုပ်ရေးမှူးများနှင့်ပညာရှင်များ၏ အကြံပြုချက်ကို ကြားနာပြီးမှသာ နဂိုမူလ သတ်မှတ်ကာလအတိုင်း ဖြေလျှော့မှုများ ပြုမပြုကို ဆုံးဖြတ်မည်ဟု ဆိုသည်။ တိုကျိုမြို့နှင့် အနီးတစ်ဝိုက် စီရင်စု(၃)ခု၏ အရေးပေါ်ကာလကို ထပ်မံသက်တမ်းတိုးနိုင်ကြောင်း KYODO သတင်းဌာန၏ မတ် ၃ ရက် သတင်းများက ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ ဂျပန်နိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို စတင်ခဲ့ရာ ပထမအသုတ်အနေဖြင့် ကျန်းမာရေးဝန်ထမ်း (၄)သောင်းကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ မတ် ၂ ရက်အထိ ကာကွယ်ဆေးထိုးနှံပြီးသူ (၃၄,၇၇၂)ဦးရှိသည်။ ထိုမတိုင်မီ ကာကွယ်ဆေးဓါတ်မတည့်မှုဖြစ်ပွားသူ (၂)ဦး ရှိကြောင်း သိရသည်။

ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက မတ်လလယ်ပိုင်းတွင် အခြား ကျန်းမာရေးဝန်ထမ်း (၃.၇)သန်းကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရန်လည်းကောင်း၊ ဧပြီလနောက်ပိုင်းတွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အို (၃၆)သန်းခန့်နှင့် နောင်တွင် ရောဂါအခံရှိသူများနှင့်သာမန်လူများကိုလည်းကောင်း အစဉ်အတိုင်း ကာကွယ်ဆေးထိုးနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)
#Japan, #vaccination, #Xinhua, #ဂျပန်, #ကိုဗစ်-၁၉, #ကာကွယ်ဆေးထိုးနှံ, #ဆင်ဟွာ
…………………………………………
(Chinese Version)

(国际疫情)日本现首个接种新冠疫苗后死亡案例 原因尚不明确

 新华社东京3月3日电(记者华义)日本厚生劳动省2日说,一人接种美国辉瑞制药公司与德国生物新技术公司合作研发的疫苗后死亡,这是日本首个接种新冠疫苗后死亡的案例,但尚不确定是否和接种疫苗有关。

 厚生劳动省说,一名没有基础疾病的60多岁女性医护人员2月26日接种辉瑞疫苗,3天后死亡,死因是蛛网膜下腔出血,但无法判断其死亡是否和接种疫苗有关。
 据日本广播协会电视台统计,日本2日新增新冠确诊病例888例,累计确诊434304例;新增死亡病例65例,累计死亡8013例。数据显示,日本单日新增病例2日连续第3天低于1000例。东京都当天新增确诊病例232例,最近7天平均单日新增病例约263例。东京都及周边3县紧急状态原定3月7日到期,首相菅义伟表示将听取各知事和专家意见再判断是否如期宣布解除紧急状态。
 共同社3日报道说,东京都及周边3县可能要求延长紧急状态。

 日本2月17日启动新冠疫苗接种计划,首批将为4万名医护人员接种。截至2日共有34772人接种。此前曾有两例疑似副作用报告。
厚生劳动省希望到3月中旬能确保为其他约370万名医护人员接种新冠疫苗,并在4月以后为约3600万名65岁以上高龄者接种,之后依次是有基础疾病者和普通人。(完)

图说1: 2月17日,医护人员在日本东京接种疫苗。
图说2:2月17日,在日本东京,一名医护人员为同事接种疫苗前检查其所填的表格。
图说3: 2月17日,医护人员在日本东京准备接种疫苗。