Connect with us

Asia

(နိုင်ငံတကာကပ်ရောဂါသတင်းစုစည်းချက်) အရှေ့အလယ်ပိုင်းဒေသနိုင်ငံအများတွင် တစ်ရက်အတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရမှု စံချိန်သစ်ဖြစ်ပေါ်

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်တွင် ကျန်းမာရေးဝန်ထမ်းများက ရက်ကွက်အတွင်း COVID-19 ရောဂါစစ်ဆေးမှုလာရောက်ဆောင်ရွက်ပေးနေစဉ်(ဆင်ဟွာ)

ရီယာဒ်၊ မတ် ၃ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းဒေသနိုင်ငံများရှိ ဆင်ဟွာသတင်းဌာန သတင်းထောက်များ၏ သတင်းပေးပို့ချက်အရ အရှေ့အလယ်ပိုင်းဒေသတွင် COVID-19 ရောဂါက ဆက်လက် ပြန့်ပွားနေပြီး နိုင်ငံအများတွင် တစ်ရက်အတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူဦးရေ က မြင့်မားစွာ တိုးမြင့်လာကြောင်း သိရှိရသည်။

အီရတ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်အရ အီရတ်နိုင်ငံတွင် မတ်လ ၂ရက်က COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၄,၆၉၀ ဦးရှိခဲ့ပြီး ယင်းမှာ ယခင်နှစ်အောက်တိုဘာလမှ စတင်၍ တစ်ရက်အတွင်း ကူးစက်ခံရမှုအများဆုံးနေ့ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် အီရတ်နိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၇၀၃,၇၇၈ ဦးရှိပြီး ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၃၀ ဦးရှိကာ ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၁၃,၄၅၈ ဦးရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါ မှ ပြန်လည်သက်သာလာသူ ၃,၅၁၇ ဦးရှိပြီး စုစုပေါင်း ရောဂါမှ ပြန်လည်သက်သာလာသူ ၆၄၃,၁၅၆ ဦးရှိလာကြောင်း သိရသည်။ တရုတ်နိုင်ငံ မှ အီရတ်နိုင်ငံအား ကူညီထောက်ပံ့ပေးသည့် ပထမအသုတ် COVID-19 ရောဂါကာကွယ်ဆေးများသည် မတ် ၂ ရက်နံနက်ပိုင်းတွင် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်သို့ ရောက်ရှိခဲ့သည်။ အီရတ်နိုင်ငံကျန်းမာရေးဝန်ကြီး Hassan al-Tamimi က မတ်လ ၂ ရက်၌ ကာကွယ်ဆေးထိုးနှံသည့် လုပ်ငန်းစတင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ကာကွယ်ဆေးများကို တန်းတူညီမျှမှု ၊ လုံခြုံစွာခွဲဝေမှု ၊ အခမဲ့ထိုးနှံပေးမှု တို့ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကာ ကနဦးပိုင်းတွင် COVID-19 ရောဂါကုသမှု နှင့် သီးသန့်ခွဲခြားနေထိုင်မှုစင်တာများတွင် လုပ်ငန်းတာဝန်ထမ်းဆောင်နေသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ဦးစားပေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကူဝိတ်နိုင်ငံတွင် မတ်လ ၂ ရက်၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၁,၃၄၁ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၁၉၃,၃၇၂ ဦးအထိရှိလာခဲ့ကြောင်း ၊ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၁,၀၉၂ ဦးရှိခဲ့ပြီးပြန်လည်သက်သာလာသူ စုစုပေါင်း ၁၈၁,၁၁၉ ဦးရှိကြောင်းသိရှိရသည်။ ကူဝိတ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ မတ် ၂ ရက်တွင် ကူဝိတ်နိုင်ငံ၌ တစ်ရက်အတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူသည် စံချိန်သစ်တင်ခဲ့ပြီး ယင်းနေ့တွင် စစ်ဆေးခဲ့သော နမူနာများအနက် ၁၅.၆၂ ရာခိုင်နှုန်းသော နမူနာများတွင် COVID-19 ရောဂါကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ရကြောင်း ၊ ပြည်သူလူထုများအနေဖြင့် ကပ်ရောဂါဆိုင်ရာ ကာကွယ်မှုများကို တင်းကျပ်စွာလိုက်နာပြီး ရောဂါဆက်လက်မပြန့်ပွား စေရန်တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန ၏ မတ်လ ၂ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် ပါလက်စတိုင်း၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၂,၄၁၂ ဦးရှိခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၂၁၂,၄၈၅ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ ထပ်မံသေဆုံးခဲ့ရသူ ၆ ဦးရှိပြီး သေဆုံးသူစုစုပေါင်း ၂,၂၈၁ ဦးရှိခဲကာ ရောဂါမှ ပြန်လည်သက်သာလာသူ စုစုပေါင်း ၁၉၁,၂၇၈ ဦးရှိကြောင်း ၊ ဂျော်ဒန်မြစ်အနောက်ကမ်းတွင် ကပ်ရောဂါလှိုင်းအသစ် ပြင်းထန်းစွာရောက်ရှိလာခဲ့ပြီး ၆ ရက်ဆက်တိုက်နေ့စဉ်လူပေါင်း ၁,၅၀၀ ကျော် COVID-19 ရောဂါထပ်မံကူးစက်ခံရမှုဖြစ်ပွားခဲ့ကြောင်း ၊မတ်လ ၂ ရက်တွင် တစ်ရက်အတွင်း လူပေါင်း ၂,၄၀၀ ကျော် COVID-19 ရောဂါ ထပ်မံကူးစက်ခံခဲ့ရကြောင်း သိရှိရသည်။

ပါလက်စတိုင်းကျန်းမာရေး ပညာရှင်၏ ပြောကြားချက်အရ COVID-19 ရောဂါဆိုးရွားစွာခံစားနေရသူက လျင်မြန်စွာ တိုးမြင့်လာခဲ့ပြီး ၎င်းတို့အနက် အများစုမှာ လူငယ်များဖြစ်ကြကြောင်း ၊ လူငယ်များကူးစက်ခံရမှုများပြားလာခြင်းမှာ ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး၏ ကူးစက်နိုင်မှုစွမ်းရည်ပိုမိုမြင့်တက်လာခြင်းနှင့် သက်ဆိုင်သည့်အပြင် လူငယ်များက မိမိကိုယ်ကိုယ်ကာကွယ်မှုဆောင်ရွက်ခြင်းများကို လျှော့ချခဲ့ခြင်းကြောင်း လူအများအပြားကူးစက်ခံရမှု မကြာခဏ ဖြစ်ပွားစေခဲ့ကြောင်း ပြောကြားခဲ့သည်။

တူရကီနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ၏ မတ်လ ၂ ရက်ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း တူရကီနိုင်ငံတွင် လူပေါင်းတစ်သောင်းကျော် COVID-19 ရောဂါထပ်မံကူးစက်ခံခဲ့ရကာ အတိအကျအားဖြင့် ၁၁,၈၃၇ ဦးဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် တူရကီနိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၂,၇၂၃,၃၁၆ ဦးရှိလာပြီး သေဆုံးသူစုစုပေါင်း ၂၈,၇၀၆ ဦးရှိကာ ရောဂါမှပြန်လည်သက်သာလာသူစုစုပေါင်း ၂,၅၈၆,၀၇၃ ဦးရှိကြောင်း သိရှိရသည်။

အီရန်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန ၏ မတ်လ ၂ ရက် နေ့လယ်ပိုင်းအချိန်ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၈,၄၉၅ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၁,၆၄၈,၁၇၄ ဦးရှိလာခဲ့ကြောင်း ၊ ထပ်မံသေဆုံးသူ ၈၆ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၆၀,၂၆၇ ဦးရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါမှ ပြန်လည်သက်သာလာသူ ၆,၉၁၁ ဦးရှိခဲ့ပြီး စုစုပေါင်း ၁,၄၀၆,၈၄၅ ဦးရှိကြောင်း သိရှိရသည်။ အီရန်နိုင်ငံအမျိုးသား ကပ်ရောဂါညွှန်ကြားမှုဌာန အရာရှိ က အီရန်နိုင်ငံ၌ ကပ်ရောဂါထိန်းချုပ်မှုကိုအထောက်အကူ ဖြစ်စေရန် အီရန်ရိုးရာနှစ်သစ်ကူးနေ့ (မတ်လ ၂၁ ရက်) မတိုင်မှီ ပြပွဲ နှင့် ဈေးရောင်းပွဲများ ကျင်းပခြင်းကို ကန့်သတ်သွားမည်ဖြစ်ပြီး အချို့သောမြို့များတွင် နှစ်သစ်ကူးကာလအတွင်း ခရီးသွားလာမှုများကို ကန့်သတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ၏ မတ်လ ၂ ရက်ထုတ်ပြန်ခဲ့သော စာရင်းပြုစုချက်အရ ယင်းနေ့တွင် အစ္စရေးနိုင်ငံ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၄,၇၃၈ ဦးရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၇၈၄,၆၉၆ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၂၆ ဦးရှိခဲ့ပြီး သေဆုံးခဲ့ရသူစုစုပေါင်း ၅,၇၈၆ ဦးအထိရောက်ရှိလာကာ ရောဂါမှ ပြန်လည်သက်သာလာသူ စုစုပေါင်း ၇၃၈,၄၄၃ ဦးရှိကြောင်း ၊ လက်ရှိချိတွင် အစ္စရေးနိုင်ငံ၌ လူပေါင်း ၄.၈ သန်းကျော်မှာ COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြပြီး နိုင်ငံစုစုပေါင်း လူဦးရေ၏ ၅၁.၆ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။

လက်ဘနွန်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ၏ မတ်လ ၂ ရက် ထုတ်ပြန်ကြေညာချက်အရ လက်ဘနွန်းနိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၃,၀၉၈ ဦးရှိခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၃၈၀,၀၁၉ ဦးအထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၆၂ ဦးရှိခဲ့ပြီး သေဆုံးခဲ့ရသူ စုစုပေါင်း ၄,၈၀၅ ဦးအထိရောက်ရှိလာခဲ့ကာ ရောဂါမှပြန်လည်သက်သာလာသူ စုစုပေါင်း ၂၉၆,၂၃၇ ဦးရှိကြောင်း ၊ လွန်ခဲ့သည့် ၂၄ နာရီအတွင်း နမူနာပေါင်း ၂၃,၁၂၇ ခုအား COVID-19 ရောဂါကူးစက်ခံရမှုရှိမရှိစစ်ဆေးခဲ့ပြီး လွန်ခဲ့သည့် နှစ်ပတ်အတွင်း စစ်ဆေးခဲ့မှုအရ ၁၇.၇ ရာခိုင်နှုန်းသော နမူနာများတွင် COVID-19 ရောဂါ ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အရှေ့အလယ်ပိုင်းဒေသရှိအခြားနိုင်ငံအချို့၏ မတ်လ ၂ ရက် နောက်ဆုံးထုတ်ပြန်ကြေညာချက်အရ COVID-19 ရောဂါကူးစက်ခံထားရသူစုစုပေါင်းမှာ မော်ရိုကိုတွင် ၄၈၄,၁၅၉ ဦး ၊ ဂျော်ဒန်တွင် ၄၀၂,၂၈၂ ဦး ၊ ယူအေအီးတွင် ၃၉၆,၇၇၁ ဦး ၊ ဆော်ဒီအာရေးဗီးယားတွင် ၃၇၈,၀၀၂ ဦး ၊ တူနီးရှားတွင် ၂၃၄,၂၃၁ ဦး ၊ အိဂျစ်တွင် ၁၈၃,၅၉၁ ဦး ၊ ကာတာနိုင်ငံတွင် ၁၆၄,၆၀၀ ဦး ၊ အိုမန်တွင် ၁၄၂,၁၆၉ ဦး ၊ လစ်ဗျားတွင် ၁၃၄,၉၆၇ ဦး ၊ ဘာရိန်းတွင် ၁၂၃,၅၃၁ ဦး ၊ အယ်လ်ဂျီးရီးယားတွင် ၁၂၂,၄၃၀ ဦး ၊ ဆူဒန်တွင် ၂၈,၅၄၅ ဦး နှင့် ဆီးရီးယားတွင် ၁၅,၆၉၆ ဦးတို့ဖြစ်ကြကြောင်း သိရှိရသည်။ (Xinhua)
…………………………………………
(Chinese Version)
  
(国际疫情)综合消息:中东多国日增新冠确诊病例数创新高

  新华社利雅得3月3日电综合新华社驻中东地区记者报道:中东地区新冠疫情继续蔓延,多个国家单日新增确诊病例数呈高位增长。
  伊拉克卫生部2日通报,该国当天新增确诊病例4690例,创去年10月以来的最高值,累计确诊703778例;新增死亡病例30例,累计死亡13458例;新增治愈病例3517例,累计治愈643156例。中国援助伊拉克的首批中国产新冠疫苗2日凌晨运抵伊首都巴格达。伊卫生部长哈桑•塔米米当天宣布启动疫苗接种计划,疫苗将公平、安全分配,免费接种,但最初接种对象只针对在新冠治疗或隔离中心工作的医护人员。
  科威特2日新增确诊病例1341例,累计确诊193372例,累计死亡1092例,累计治愈181119例。科卫生部当天说,该国单日新增确诊病例再创新高,当日检测阳性率为15.62%,呼吁人们严格遵守卫生防疫措施,避免疫情进一步蔓延。

  巴勒斯坦卫生部2日报告全国新增确诊病例2412例,累计确诊212485例;新增死亡病例6例,累计死亡2281例;累计治愈191278例。巴卫生部当天表示,约旦河西岸新一轮疫情来势凶猛,每日新增确诊病例连续6天超过1500例,2日更是突破2400例。当地卫生专家指出,重症患者数量在迅速增加,而且多数是年轻人,这与新冠变种病毒传染性更强有关。另外,时下年轻人群放松个人防护,导致群体性感染事件频发。
  土耳其卫生部网站2日公布的数据显示,在过去24小时里,该国新增确诊病例超万例,达11837例,累计确诊2723316例,累计死亡28706例,累计治愈2586073例。

  伊朗卫生部2日通报,截至当天中午,该国在过去24小时新增确诊病例8495例,累计确诊1648174例;新增死亡病例86例,累计死亡60267例;新增治愈病例6911例,累计治愈1406845例。伊朗国家疫情指挥部官员当天表示,为协助防控疫情,伊历新年(3月21日)前禁止举办线下展会和购物节活动,部分城市将在新年假期期间实施交通限制。

  以色列卫生部2日公布的数据显示,该国当天新增确诊病例4738例,累计确诊784696例;新增死亡病例26例,累计死亡5786例;累计治愈738443例。目前,以色列已有逾480万人进行了疫苗接种,约占全国总人口的51.6%。
  黎巴嫩卫生部2日公布,全国新增确诊病例3098例,累计确诊380019例;新增死亡62例,累计死亡4805例,累计治愈296237例。过去24小时共进行新冠病毒检测23127例,过去两周的检测阳性率为17.7%。

  还有一些中东国家2日更新了累计确诊病例数:摩洛哥484159例;约旦402282例;阿拉伯联合酋长国396771例;沙特阿拉伯378002例;突尼斯234231例;埃及183591例;卡塔尔164600例;阿曼142169例;利比亚134967例;巴林123531例;阿尔及利亚122430例;苏丹28545例;叙利亚15696例。(执笔记者:涂一帆;参与记者:潘晓菁、陈斌杰、夏晨、熊思浩、王峰、郑一晗、王尚、尚昊、郑思远、苏小坡、黄灵、李碧念、吴丹妮、马意翀、杨元勇、冀泽、王薇、刘宗亚、张淼)(完)

Photo
1月31日,医护人员在伊拉克巴格达的一处社区内走访。伊拉克卫生部于1月31日在全国多地的市场、社区等场所进行新冠病毒筛查。 新华社发

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.