အက်ခရာ ၊ မတ် ၃၁ ရက်(ဆင်ဟွာ) ဂါနာနိုင်ငံရှိ တရုတ်ဆေးဘက်ဆိုင်ရာ အဖွဲ့သည် COVID-19 တိုက်ဖျက်ရေးတွင် အလွန်ကြီးမားသော ကူညီထောက်ပံ့မှု ပြုလုပ်ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ထိုက်ကြောင်း ဂါနာနိုင်ငံ သံအမတ်က ပြောကြားခဲ့သည်။
ဂျီနီဗာ၊ မတ် ၃၁ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်နိုင်ငံနှင့်အတူ ဗိုင်းရပ်စ်လမ်းကြောင်းများနှင့် နိုင်ငံအရပ်ရပ်၌ နောက်ထပ် စုံစမ်းစစ်ဆေးရေးများ အပါအဝင် ကိစ္စရပ်များ ပူးတွဲသုတေသနပြုလုပ်ပြီးနောက် ကမ္ဘာ့ COVID-19 မူလအရင်းအမြစ်ခြေရာခံခြင်းဆိုင်ရာ အစီရင်ခံစာတစ်ရပ်ကို မတ် ၃၀ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၃၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ လေကြောင်းကုန်တင် ဦးဆောင်ကုမ္ပဏီဖြစ်သည့် SF လေကြောင်းလိုင်းများက တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့ နှင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ချိတ်ဆက်ထားသည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်လမ်းကြောင်းသစ်အား စတင်ခဲ့ကြောင်း လေကြောင်းလိုင်းက ယနေ့ ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ မတ် ၃၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အစိုးရက တရုတ်နိုင်ငံမှ ဝယ်ယူထားသော CanSino COVID-19 ကာကွယ်ဆေး ပထမအသုတ်သည် မတ် ၃၀ ရက် ညပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဆန်ဒီယာဂို ၊ မတ် ၃၁ ရက် (ဆင်ဟွာ) ချီလီနိုင်ငံသမ္မတ Sebastian Pinera က ချီလီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံထုတ် CanSino COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူရေး သဘောတူညီမှု စာချုပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း မတ်လ ၃၀ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။