Connect with us

Latin America

ချီလီနိုင်ငံသမ္မတ က တရုတ်နိုင်ငံမှ CanSino COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူရေး သဘောတူညီမှု လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

ချီလီနိုင်ငံ ဆန်ဒီယေဂိုမြို့ရှိ ကာကွယ်ဆေးထိုးနှံပေးသည့် စင်တာတစ်ခုတွင် သက်ကြီးရွယ်အိုများ ကာကွယ်ဆေးထိုးနှံမှုခံယူရန်စောင့်ဆိုင်းနေကြစဉ်(ဆင်ဟွာ)

ဆန်ဒီယာဂို ၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ချီလီနိုင်ငံသမ္မတ Sebastian Pinera က ချီလီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံထုတ် CanSino COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူရေး သဘောတူညီမှု စာချုပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း မတ်လ ၃၀ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

Pinera က ချီလီနိုင်ငံအများပြည်သူကျန်းမာရေး သုတေသနအကယ်ဒမီအနေဖြင့် အချိန်တိုအတွင်း CanSino COVID-19 ရောဂါကာကွယ်ဆေးအား အရေးပေါ်အသုံးပြုမှုခွင့်ပြုပေးရန်မျှော်လင့်ရကြောင်း ၊ CanSino COVID-19 ရောဂါကာကွယ်ဆေးများက ယခုနှစ်ဒုတိယရာသီတွင် ချီလီနိုင်ငံသို့ ရောက်ရှိလာရန်မျှော်လင့်ထားပြီး နိုင်ငံအတွင်း လျင်မြန်ကျယ်ပြန့်စွာ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

CanSino COVID-19 ရောဂါကာကွယ်ဆေးသည် တရုတ်နိုင်ငံ စစ်ဘက်ဆိုင်ရာသိပ္ပံအကယ်ဒမီ စစ်ဘက်ဆိုင်ရာဆေးဝါးသုတေသနဌာန နှင့် CanSino ကုမ္ပဏီတို့မှ ပူးပေါင်းတီထွင်ထုတ်လုပ်ထားသည့် ကာကွယ်ဆေးဖြစ်ကာ လက်ရှိချိန်တွင် ချီလီစသည့်နိုင်ငံများတွင် တတိယအဆင့် လက်တွေ့စမ်းသပ်မှုများပြုလုပ်နေကြောင်း ၊ ယင်းအမျိုးအစားကာကွယ်ဆေးက တရုတ် ၊ မက္ကဆီကို ၊ ပါကစ္စတန် နှင့် ဟန်ဂေရီနိုင်ငံတို့တွင် အရေးပေါ်အသုံးပြုခွင့် ရရှိထားကြောင်း သိရှိရသည်။

ချီလီနိုင်ငံတွင် ဖေဖော်ဝါရီ ၃ ရက်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာ COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးသည့်လုပ်ငန်းအား စတင်ဆောင်ရွက်ခဲ့ကြောင်း ၊ မတ်လ ၃၀ ရက်အချိန်ထိ ချီလီနိုင်ငံတစ်နိုင်ငံလုံးတွင် လူပေါင်း ၆.၅၈ သန်းက အနည်းဆုံး COVID-19 ရောဂါကာကွယ်ဆေးတစ်ကြိမ်ထိုးနှံမှုခံယူခဲ့ပြီးဖြစ်ကြောင်း ၊ ချီလီနိုင်ငံတွင် ယခုနှစ်ပထမနှစ်ဝက်အတွင်း လူပေါင်း ၁၅ သန်းကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပြီး ယင်းမှာနိုင်ငံအတွင်းရှိ စုစုပေါင်း လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

——————————————–
(Chinese Version)

(国际疫情)智利总统宣布已签署中国康希诺新冠疫苗采购协议

  新华社圣地亚哥3月30日电(记者尹南 张笑然)智利总统皮涅拉30日宣布,智利已签署中国康希诺新冠疫苗采购协议。
  皮涅拉说,智利公共卫生研究院有望在短时间内批准康希诺新冠疫苗的紧急使用许可,预期康希诺新冠疫苗将在今年第二季度运抵智利,助力智利迅速普及新冠疫苗接种。

  康希诺新冠疫苗是中国军事科学院军事医学研究院和康希诺公司联合研发的腺病毒载体疫苗,目前正在智利等国进行三期临床试验。该疫苗已在中国、墨西哥、巴基斯坦和匈牙利等国获得紧急使用许可。
  智利2月3日启动全国新冠疫苗大规模接种。截至3月30日,智利全国已有658万人接种了至少一剂新冠疫苗。智利计划今年上半年完成1500万人接种,约占人口总数的80%。(完)

Photo
2月3日,老人在智利圣地亚哥市中心一家疫苗接种中心等待接种新冠疫苗。 新华社发(豪尔赫•比列加斯摄)