Connect with us

WORLD

တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့ အား COVID-19 တိုက်ဖျက်ရေးတွင် ကျေးဇူးတင်ထိုက်ကြောင်း ဂါနာနိုင်ငံ သံအမတ် ပြောကြား

ဂါနာနိုင်ငံ ဒုတိယ သမ္မတ Mahamudu Bawumia အား ကျန်းမာရေးဝန်ထမ်းတစ်ဦးက COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

အက်ခရာ ၊ မတ် ၃၁ ရက်(ဆင်ဟွာ)

ဂါနာနိုင်ငံရှိ တရုတ်ဆေးဘက်ဆိုင်ရာ အဖွဲ့သည် COVID-19 တိုက်ဖျက်ရေးတွင် အလွန်ကြီးမားသော ကူညီထောက်ပံ့မှု ပြုလုပ်ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ထိုက်ကြောင်း ဂါနာနိုင်ငံ သံအမတ်က ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဂါနာနိုင်ငံ သံအမတ်ကြီး Edward Boateng က တရုတ်ဆေးဘက်ဆိုင်ရာ အဖွဲ့နှင့် ပြုလုပ်သော အစည်းအဝေးတွင် ကပ်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ဂါနာနိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများသည် အကန့်အသတ်ဖြင့် လုပ်ဆောင်နေရသဖြင့် တရုတ်ဆေးဘက်ဆိုင်ရာ အဖွဲ့က ဂါနာနိုင်ငံ ကပ်ရောဂါ ရင်ဆိုင်ဖြေရှင်းရေးတွင် ပါဝင်အကူအညီပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့သည် လိုအပ်သည့် ကွက်လပ်များအား ဖြည့်တင်းခဲ့ပြီး ယင်းမှာ အရေးကြီးကြောင်း သံအမတ်ကြီး Edward Boateng က ပြောကြားခဲ့သည်။ တရုတ်ကျွမ်းကျင်ပညာရှင်များသည် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု၏ ဖိစီးမှုအခြေအနေများကို သက်သာရာရစေရန် ကူညီပေးခဲ့ကြောင်း ၊ အထူးသဖြင့် ၎င်းတို့ အလုပ်လုပ်သည့် နေရာများတွင် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံလုံး၏ ဆရာဝန်များအကြား ပူးပေါင်းဆောင်ရွက်မှုသည် အမှန်တကယ် အရေးကြီးကြောင်း တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့၏ ခေါင်းဆောင် Zhuang Shaohui က ပြောကြားခဲ့သည်။ယခုနှစ်များအတွင်း တရုတ်နိုင်ငံအစိုးရသည် ထိပ်တန်းအဆင့် တရုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် ဆေးဘက်ဆိုင်ရာ အဖွဲ့ ၁၀ ဖွဲ့ကို ဂါနာနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့၏ ခေါင်းဆောင် Zhuang Shaohui က ပြောကြားခဲ့သည်။ (Xinhua)

——————————————–
(English Version)

Chinese medical team deserves appreciation in fight against COVID-19: Ghanaian diplomat

ACCRA, March 30 (Xinhua) — The Chinese medical team in Ghana deserves appreciation for its immense contribution to the fight against the COVID-19 pandemic, a Ghanaian diplomat said here Tuesday.
During a meeting with the team, Ghanaian Ambassador to China Edward Boateng said the Chinese medical team has helped Ghana to confront the pandemic as the Ghanaian medical experts are stretched to their limits during the pandemic.
“They are filling the gaps, which is important,” Boateng said, adding the Chinese experts have helped alleviate the stressful situation of medical care, especially in areas where they are working.
“Cooperation between the doctors of both countries is really important,” said Zhuang Shaohui, chief of the Chinese medical team.
Zhuang said that over the years, the Chinese government has sent 10 batches of medical teams, consisting of top-notch Chinese medical experts, to Ghana. Enditem