ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) နီပေါနိုင်ငံက တရုတ်နိုင်ငံ ဇီဝထုတ်ကုန်များကုမ္ပဏီလီမိတက် ပေကျင်းအင်စတီကျုက ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဆေးဝါးကြီးကြပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။
ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသနိုင်ငံအများတွင် ဖေဖော်ဝါရီ ၁၈ ရက်၌ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးသည့်လုပ်ငန်းကို ဆက်လက်၍ တွန်းအားပေးဆောင်ရွက်ခဲ့ကြပြီး ဗီဇပြောင်း COVID-19 ရောဂါပိုးကြောင့် ကပ်ရောဂါပြန့်ပွားမှု ပြန်လည်မြင့်တက်လာသဖြင့် အီရတ်နိုင်ငံက ဖေဖော်ဝါရီ ၁၈ ရက်မှ စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာ ညမထွက်ရအမိန့်ကို...
ပေကျင်း၊ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ တရုတ်နိုင်ငံအပေါ် ပြောဆိုနေသော ကောလာဟလများမှာ မဟုတ်မှန်ကြောင်း ၊ အင်တာနက်ကောလာဟလများမှာ အခြေအမြစ်မရှိကြောင်း ၊ သို့သော် ယင်းမှာ တရုတ်-မြန်မာ ဆက်ဆံရေး နှင့် ချစ်ကြည်ရင်းနှီးမှုကို ဖျက်ဆီးရန် နှင့် တမင်သက်သက်နှောင့်ယှက်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ယနေ့ဖေဖော်ဝါရီ ၁၈ ရက်တွင်...
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံရှိ ကလေးငယ်ဦးရေ ၃ သန်းကျော်တွင် ကပ်ရောဂါဖြစ်ပွားစဉ်ကတည်းက COVID-19 ရောဂါပိုးကူးစက်ခံရသည်ကို တွေ့ရှိရကြောင်း အမေရိကန် ကလေးအထူးကုဆရာဝန်များအကယ်ဒမီ (AAP) နှင့် ကလေးဆေးရုံများအသင်းတို့၏ နောက်ဆုံးအစီရင်ခံစာအရ သိရသည်။
တီဟီရန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) အီရန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များအပါအဝင် လူအစုလိုက်အပြုံလိုက် ပျက်စီးစေနိုင်သော လက်နက်များ ထုတ်လုပ်ခြင်း သို့မဟုတ် သိုလှောင်ခြင်း (WMDs) မပြုရေး “ခိုင်မာသည့်”ဆုံးဖြတ်ချက်ကို သမ္မတ ဟတ်ဆန် ရိုဟာနီ (Hassan Rouhani) က ထပ်လောင်းပြောကြားခဲ့ကြောင်း တရားဝင်သတင်းအေဂျင်စီ IRNA က...