Connect with us

WORLD

နီပေါနိုင်ငံက Sinopharm ၏ COVID-19 ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြု

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ရှိ ကာကွယ်ဆေးထိုးနှံအခန်းတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံက တရုတ်နိုင်ငံ ဇီဝထုတ်ကုန်များကုမ္ပဏီလီမိတက် ပေကျင်းအင်စတီကျုက ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဆေးဝါးကြီးကြပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ ကာကွယ်ဆေးသည် နီပေါနိုင်ငံ ဆေးဝါးကြီးကြပ်ရေးအဖွဲ့ဖြစ်သော ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ လွန်ခဲ့သည့်တစ်လအကြာက ခွင့်ပြုခဲ့သော Oxford တက္ကသိုလ်နှင့် AstraZeneca ဆေးဝါးကုမ္ပဏီကြီးမှ ထုတ်လုပ်သော ကာကွယ်ဆေးပြီးနောက် ဒုတိယမြောက် ခွင့်ပြုသော COVID-19 ကာကွယ်ဆေးဖြစ်သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်းဇီဝထုတ်ကုန်များအင်စတီကျု ကုမ္ပဏီလီမိတက်ရှိ ထုပ်ပိုးမှုစက်ရုံတွင် Sinopharm COVID-19 Inactivated ကာကွယ်ဆေး ထုပ်ပိုးမှုကို ဝန်ထမ်းတစ်ဦးက စစ်ဆေးနေစဉ် (ဆင်ဟွာ)

ဆေးဝါးကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်သည် မည်သည့် ကာကွယ်ဆေးအတွက်မဆို နီပေါနိုင်ငံတွင် အသုံးပြုခွင့်ရရှိရေးအတွက် ကနဦးလိုအပ်ချက်လည်းဖြစ်သည်။

“နီပေါနိုင်ငံ COVID-19 တိုက်ဖျက်ရေးအတွက် Sinopharm ကုမ္ပဏီအောက်ရှိ ဇီဝထုတ်ကုန်များကုမ္ပဏီလီမိတက် ပေကျင်းအင်စတီကျုက ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးများ (vero cell) (inactivated vaccine) ကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်” ဟု အဆိုပါ ဌာနက ဖေဖော်ဝါရီ ၁၇ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

အဆိုပါ ခွင့်ပြုချက်ပြီးနောက် တရုတ်နိုင်ငံမှ နီပေါနိုင်ငံသို့ပေးပို့ရန် ကတိပြုထားသော COVID-19 ကာကွယ်ဆေးများအား လက်ခံရရှိတော့မည်ဖြစ်သည်။

“တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးကို ခွင့်ပြုခြင်းနှင့်အတူ အခုဆိုရင် ကျွန်တော်တို့မှာ ကာကွယ်ဆေးတွေ ပိုပြီး ရှိလာပါပြီ” ဟု ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ COVID-19 ကာကွယ်ဆေးအကြံပေးကော်မတီ စေ့စပ်ညှိနှိုင်းရေးမှူး Shyam Raj Upreti က ဆင်ဟွာသို့ ဖေဖော်ဝါရီ ၁၈ ရက်၌ ပြောခဲ့သည်။

သို့သော် အဆိုပါ ကာကွယ်ဆေးများ ရောက်ရှိလာပါက မည်သို့၊ မည်သည့်အချိန်တွင် အသုံးပြုမည်ကို ဆုံးဖြတ်နေဆဲဖြစ်ကြောင်း၊ “ကြီးကြပ်ရေးအဖွဲ့က ခွင့်ပြုလိုက်ပြီးတဲ့နောက် ကျွန်တော်တို့အနေနဲ့ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေကို အသုံးပြုဖို့ အစီအစဉ်တွေ ပြင်ဆင်နိုင်ပါပြီ။ တရုတ်ကာကွယ်ဆေးတွေ နီပေါနိုင်ငံကို ရောက်ရှိလာမယ့်အချိန် အတည်ပြုချက်ကို စောင့်ဆိုင်းနေပါတယ်” ဟု Upreti က ဆိုသည်။

လက်ရှိတွင် နီပေါနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ပေးပို့သော ကာကွယ်ဆေးများဖြင့် COVID-19 တိုက်ဖျက်ရေး ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံက နီပေါနိုင်ငံထံ Oxford တက္ကသိုလ်နှင့် AstraZeneca မှ ဖော်ထုတ်ထားပြီး Serum Institute of India မှ ထုတ်လုပ်သော Covishield ကာကွယ်ဆေး တစ်သန်းပေးပို့ထားခြင်းဖြစ်သည်။

နီပေါနိုင်ငံ အစိုးရအနေဖြင့် ပြည်သူ ၃၀၀,၀၀၀ ကျော်အတွက် COVID-19 ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ မိသားစု ဖူလုံရေးဌာန၊ ကလေးသူငယ် ကျန်းမာရေးဌာနခွဲ အကြီးအကဲ Jhalak Sharma က ဆင်ဟွာသို့ ဖေဖော်ဝါရီ ၁၈ ရက်က ပြောခဲ့သည်။

နီပေါနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်းများ၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု ဝန်ထမ်းများ၊ သတင်းထောက်များနှင့် အခြားသော တာဝန်ရှိသူများအပါအဝင် ပြည်သူများကို ဦးစားပေးအဆင့်လိုက် ကနဦး ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

နီပေါနိုင်ငံတွင် ဖေဖော်ဝါရီ ၁၈ ရက်အထိ COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၇၃,၁၆၆ ဦးနှင့် သေဆုံးသူ ၂,၀၅၈ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။ (Xinhua)

—————————-
(English Version)
Nepal approves Sinopharm’s COVID-19 vaccine for emergency use
2021-02-19 09:07:06
Nepal is running a vaccination drive against the COVID-19 with health workers, security personnel, people involved in waste management, journalists and some officials being put in the priority group.
KATHMANDU, Feb. 18 (Xinhua) — Nepal has granted approval to the COVID-19 vaccine developed by China’s Beijing Institute of Biological Products Co. Ltd, under Sinopharm, for the emergency use in Nepal, the country’s drug regulator said.
It is the second COVID-19 vaccine to get approval from the Department of Drug Administration, the Nepali drug regulator, after the vaccine developed by the University of Oxford and pharmaceutical giant AstraZeneca received such approval a month ago.
The approval of the drug regulator is a pre-condition for any vaccine to be eligible for use in the Himalayan country.
“It is to notify to all concerned that the conditional permission has been granted for emergency use authorization to COVID-19 vaccines (vero cell), inactivated vaccine, manufactured by Beijing Institute of Biological Products Co. Ltd under Sinopharm against COVID-19 in Nepal,” the department said in a notice on Wednesday.
This approval has paved the way for Nepal to receive the COVID-19 vaccines that China had promised to deliver to Nepal.
“With the approval to the Chinese vaccine, we have now more alternatives on vaccines,” Shyam Raj Upreti, coordinator of the COVID-19 Vaccine Advisory Committee under the health ministry, told Xinhua on Thursday.
But, the Nepali government is yet to decide on how and when to use the Chinese vaccines once they are supplied. “After the regulatory approval, we can now prepare a plan on the use of Chinese vaccines. We are also awaiting the confirmation of when the Chinese vaccines would be available to Nepal,” said Upreti.
Currently, Nepal has been running a vaccination drive against the COVID-19 with the vaccines supplied by India. India had supplied one million doses of Covishield, the vaccine developed by Oxford and AstraZeneca and produced by Serum Institute of India.
Jhalak Sharma, chief of the Child Health Section at the Family Welfare Division under the health ministry, told Xinhua on Thursday that the Nepali government has so far inoculated the first dose of COVID-19 vaccines for more than 300,000 people.
Initially, the Nepali government had prioritized vaccinating health workers, security personnel, people involved in waste management, journalists and some officials among others.
As of Thursday, Nepal reported a total number of 273,166 infected cases and deaths of 2,058 people from COVID-19, according to the health ministry. ■
1-A medical worker works at a vaccination room in Kathamndu, Nepal, Jan. 27, 2021, (Photo by Sulav Shrestha/Xinhua)
2-A staff member checks the packaging quality of Sinopharm COVID-19 Inactivated vaccine products at packaging plant at the Beijing Biological Products Institute Co., ltd. In Beijing, capital of China, Dec. 25, 2020. (Xinhua/Zhang Yuwei)