ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် တပ်မတော်က ထိန်းသိမ်းထားသော ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် လွှတ်တော်ကိုယ်စားလှယ် အများစုကို ယနေ့ နေအိမ်သို့ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးတစ်ဦးက ဆင်ဟွာသို့ ယနေ့အတည်ပြုပြောကြားသည်။
လန်ဒန်၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဇန်နဝါရီ ၃၁ ရက်အထိ ဗြိတိန်တွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ (၉,၂၉၆,၃၆၇)ဦး ရှိရာ ၎င်းတို့အနက် (၄၉၄,၂၀၉)ဦးသည် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း ဗြိတိန်အစိုးရ၏ ဖေဖော်ဝါရီ ၁ ရက်ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)ဘာသာပြန်/ကိုငယ် မြန်မာနိုင်ငံတွင် နိုင်ငံရေးခေါင်းဆောင်များအား တပ်မတော်မှ ထိန်းသိမ်းခံပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဖေဖော်ဝါရီ ၂ ရက်တွင် မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ထိန်းသိမ်းခံရကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ယနေ့ ဆင်ဟွာသို့ ပြောကြားခဲ့သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁ရက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ” အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ နိုင်ငံတော်ယာယီသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ...