Connect with us

WORLD

ဗြိတိန်တွင် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ (၉)သန်းကျော်ရှိ

ဗြိတိန်နိုင်ငံ Greater Manchesterတွင် ကာကွယ်ဆေးထိုးနှံနေသူ အမျိုးသမီးတစ်ဦးအား ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဇန်နဝါရီ ၃၁ ရက်အထိ ဗြိတိန်တွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ (၉,၂၉၆,၃၆၇)ဦး ရှိရာ ၎င်းတို့အနက် (၄၉၄,၂၀၉)ဦးသည် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း ဗြိတိန်အစိုးရ၏ ဖေဖော်ဝါရီ ၁ ရက်ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

ဗြိတိန်ရှိ အသက် (၈၀)နှင့်အထက် လူအုပ်စုများ၌ (၁၀)ယောက်တွင် (၉)ယောက်သည် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်ပြီး အသက်(၇၀)နှစ်အထက်လူအုပ်စုတွင် တစ်ဝက်ကျော်က ကာကွယ်ဆေးထိုးနှံထားကြောင်း ဗြိတိန် ကျန်းမာရေးဝန်ကြီး Matt Hancockက ယင်းနေ့တွင် ကျင်းပသည့် ကပ်ရောဂါဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၈ ရက်တွင် လန်ဒန်မြို့ရှိ ဆေးရုံတစ်ခု၌ ကာကွယ်ဆေးထိုးနှံမှုကို သွားရောက်ကြည့်ရှုစဉ်(ဆင်ဟွာ)

ဗြိတိန်က ကိုဗစ်ကာကွယ်ဆေး သန်း(၄၀၀)ကျော်မှာထားပြီးဖြစ်ရာ လက်ရှိ ကာကွယ်ဆေးထိုးနှံမှုအခြေအနေသည် ကျေနပ်စရာဖြစ်ကြောင်း၊ သို့သော် ကာကွယ်ဆေးထိုးနှံမှုသည် တစ်ကမ္ဘာလုံးတွင်ပူးပေါင်းတွန်းအားပေးဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စဖြစ်ကြောင်း Matt Hancockက ဆိုသည်။

တောင်အာဖရိက၌ တွေ့ရှိရသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်မှုကို တိုးမြှင့်ရန်အတွက် ဗြိတိန်အစိုးရက ဒေသအမြောက်အမြားတွင် ပို၍ ပစ်မှတ်ထားနိုင်သည့် ဗိုင်းရပ်စ်ဓာတ်ခွဲနမူနာရယူစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗြိတိန် ကျန်းမာရေးဝန်ကြီးဌာနက ယင်းနေ့တွင် ကြေညာခဲ့သည်။

လက်ရှိအနေဖြင့် ထိုဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသည် ရောဂါလက္ခဏာပိုမိုဆိုးဝါးစေသည့် အထောက်အထား မတွေ့ရသေးသော်လည်း ပြန့်ပွားမှုကို အမြန်ဆုံး ဖြတ်တောက်ရန် လိုအပ်ကြောင်း Matt Hancockက ဆိုသည်။

ဗြိတိန်အစိုးရ၏ ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ဗြိတိန်တွင် ယင်းနေ့က ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ (၁၈,၆၀၇)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ (၃,၈၃၅,၇၈၃) ဦး၊ အသစ်ထပ်တိုးသေဆုံးလူနာ (၄၀၆)ဦးနှင့် စုစုပေါင်း သေဆုံးသူ (၁၀၆,၅၆၄) ဦး ရှိကြောင်း သိရသည်။(Xinhua)
 
————————————————–
(Chinese Version)

(国际疫情)英国逾900万人接种第一剂新冠疫苗

  新华社伦敦2月1日电(记者张家伟 金晶)英国政府2月1日发布的数据显示,截至1月31日,该国已有9296367人接种第一剂新冠疫苗,其中494209人接种了第二剂疫苗。
  英国卫生大臣马修•汉考克当天在疫情发布会上说,英国80岁及以上人群中几乎每10人就有9人已接种新冠疫苗;70岁及以上人群中超过半数已接种疫苗。
 汉考克说,英国已预订超过4亿剂新冠疫苗,目前的疫苗接种情况也令人欣慰,但疫苗接种是“需要全球合作推动的事情”。  英国卫生部当天宣布,为加强对在南非发现的变异新冠病毒的防控,英国政府将在多个地区进行更多有针对性的病毒检测和采样分析。
  汉考克表示,目前没有证据显示这种变异新冠病毒会引起更严重的症状,但需要尽快阻断其传播。
  英国政府2月1日发布的疫情数据显示,该国当天新增新冠确诊病例18607例,累计确诊3835783例;新增死亡病例406例,累计死亡106564例。(完)

1月7日,在英国大曼彻斯特郡海德,一名女子接种新冠疫苗。(新华社发,乔恩•休珀摄)
2020年12月8日,英国首相鲍里斯•约翰逊在伦敦一家医院的疫苗接种中心观看一名女子接种疫苗。(新华社发,英国首相府供图)