နယူးဒေလီ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အိန္ဒိယနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူ (၂)သိန်း(၂)သောင်းကျော် ရှိပြီး ယင်းတို့အနက် ဓာတ်မတည့်မှုဖြစ်ပွားသူ စုစုပေါင်း(၄၄၇)ဦးရာ အများစုမှာ လက္ခဏာအနည်းငယ်ပြခြင်းဖြစ်ကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကူမင်း၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ စစ်ဆောင်ပန်နား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟုန်းမြို့နှင့် မုန်ဟိုင်ခရိုင်ကို ချိတ်ဆက်ထားသည့် ကျင်ဟိုင် အဝေးပြေးလမ်းမကြီးကို ဇန်နဝါရီ ၁၅ ရက်က အပိုင်းခွဲ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်နိုင်မှုသည် “မုန့်ဟိုင်ခရိုင်သို့ အဝေးပြေးလမ်း မရောက်ရှိနိုင်”ဟူသော...
ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန် /စုဝင့် ဘရာဇီးနိုင်ငံတွင် တရုတ်နိုင်ငံက ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေး Sinovac ကိုသူနာပြုတစ်ဦးဖြစ်သည့် အသက် ၅၄ နှစ်အရွယ်ရှိ Monica Calazans ဆိုသူအားပထမဆုံးထိုးနှံပေးခဲ့ကြောင်းသိရသည်။ (Xinhua)
ရန်ကုန် ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် တာချီလိတ်မြို့၌ မော်တော်ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်း ၅,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်များအား ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) က ယနေ့ ဇန်နဝါရီ ၁၈...
ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်း ချိုးဖောက်သော ယာဉ်နှင့် ဆိုင်ကယ် အစီးရေ ၂,၈၀၀ကျော်အား အရေးယူခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထံမှ စုံစမ်းသိရသည်။