ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၁ ရက် ၁၁ နာရီအထိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံပြီးသူ (၁)သန်းကျော်ရှိကြောင်း ပေကျင်းမြို့ ကျန်းမာရေးကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ကောင်းကျန်းက ယနေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အထူးလေယာဉ်ဖြင့် နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ယနေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ဖော်ပြမှုအရ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ကိုရိုနာဗိုင်းရပ်စ် ဇစ်မြစ် လေ့လာမှုဆိုင်ရာ နိုင်ငံတကာ သုတေသန ပညာရှင်အဖွဲ့ သည် ဇန်နဝါရီ ၁၄ ရက်တွင် တရုတ်နိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင် ဝဘ်ဆိုက်၏ ယနေ့(ဇန်နဝါရီ ၁၁ ရက်)ထုတ်ပြန်ချက်များအရ သိရသည်။
ဂျကာတာ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့် အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့် စနေနေ့က ပျက်ကျသွားခဲ့သည့် လေယာဉ် ၏ black box အား အင်ဒိုနီးရှားအာဏာပိုင်များက ရှာဖွေမှု ပြုလုပ်နေပုံကို ဆင်ဟွာသတင်းထောက်များက သွားရောက်ရိုက်ကူး ထားခြင်းဖြစ်ပါသည်။ (Xinhua)
ဝါရှင်တန်၊ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်လွှတ်တော်ဥက္ကဌနန်စီပလိုစီက တစ်နှစ်ကျော်ကာလအတွင်း ဒုတိယအကြိမ်အဖြစ် ရာထူးမှ ထွက်ခွာသွားရတော့မည့် သမ္မတဒေါ်နယ်ထရမ့်အား စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန် ဒီမိုကရက်တစ်ပါတီလွှတ်တော်အမတ်များအနေဖြင့် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။