Connect with us

North America

ထရမ့်အား ဒုတိယအကြိမ်စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန် ဒီမိုကရက်တစ်လွှတ်တော်အမတ်များ အသင့်ဖြစ်နေပြီဟု နန်စီပလိုစီပြောကြား

အမေရိကန်နိုင်ငံဒုတိယသမ္မတမိုက်ပန့်နှင့် လွှတ်တော်ဥက္ကဌနန်စီပလိုစီတို့ ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒန်အနိုင်ရရှိမှုအား အတည်ပြုရန် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က Capitol လွှတ်တော်အဆောက်အဦတွင် အစည်းအဝေးပြုလုပ်နေစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်လွှတ်တော်ဥက္ကဌနန်စီပလိုစီက တစ်နှစ်ကျော်ကာလအတွင်း ဒုတိယအကြိမ်အဖြစ် ရာထူးမှ ထွက်ခွာသွားရတော့မည့် သမ္မတဒေါ်နယ်ထရမ့်အား စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန် ဒီမိုကရက်တစ်ပါတီလွှတ်တော်အမတ်များအနေဖြင့် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်ပါတီ လုပ်ဖော်ကိုင်ဖက်များထံပေးပို့သော စာတစ်စောင်တွင် ပလိုစီက “အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက် အမှတ် ၂၅ ကို အသုံးပြု၍ သမ္မတဒေါ်နယ်ထရမ့်အနေဖြင့် ၎င်း၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် မစွမ်းဆောင်နိုင်တော့ကြောင်း ကြေညာရန် အစိုးရအဖွဲ့အတွင်း ဆွေးနွေးရေး”ကို ဒုတိယသမ္မတမိုက်ပန့်အား ဇန်နဝါရီ ၁၁ ရက်တွင် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ၊ တစ်ချိန်တည်းမှာပင် မိုက်ပန့်အနေဖြင့် ယာယီသမ္မတအဖြစ် ချက်ချင်းတာဝန်ယူ ထမ်းဆောင်သွားရန်လည်း ယင်းစာတွင် ထည့်သွင်းဖော်ပြထားသည်။
“ ဒါကို ၂၄ နာရီအတွင်း တုံ့ပြန်ဖြေကြားပေးဖို့ ဒုတိယသမ္မတကို ကျွန်မတို့ တောင်းဆိုထားတယ်” ဟု ဒီမိုကရက်တစ်ပါတီမှ ထိပ်တန်းလွှတ်တော်အမတ်ပလိုစီက ရေးသားထားသည်။ “ နောက်ထပ်တစ်ခုကတော့ ၊ လွှတ်တော်မှာ ဥပဒေကြောင်းအရ စွပ်စွဲပြစ်တင်မှုလည်း ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု၎င်းကဆိုသည်။

အမေရိကန်နိုင်ငံဒုတိယသမ္မတမိုက်ပန့်နှင့် လွှတ်တော်ဥက္ကဌနန်စီပလိုစီတို့ ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒန်အနိုင်ရရှိမှုအား အတည်ပြုရန် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က Capitol လွှတ်တော်အဆောက်အဦတွင် အစည်းအဝေးပြုလုပ်နေစဉ်(ဆင်ဟွာ)

အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့သော ပြီးခဲ့သည့်ရက်သတ္တပတ်က အမေရိကန်လွှတ်တော်အဆောက်အဦ(Capitol) အား ဆန္ဒပြသူများက အလုံးအရင်းဖြင့် အကြမ်းဖက် ဝင်ရောက်စီးနင်းမှုတွင် တာဝန်ရှိကြောင်း ထရမ့်အား ပြစ်တင်ဝေဖန်နေစဉ်အတွင်းမှာပင် ပလိုစီ၏ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်အနိုင်ရရှိကြောင်း အတည်ပြုရန် သမိုင်းဝင် ကက်ပီတိုလွှတ်တော်အဆောက်အဦအတွင်း ဆွေးနွေးနေစဉ် ထိုသို့ အကြမ်းဖက်စီးနင်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထရမ့်သည် လွှတ်တော်အဆောက်အဦ၌ “ပုန်ကန်ထကြွမှုဖြစ်ပွားအောင် လှုံ့ဆော်ခဲ့ကြောင်း” စွပ်စွဲချက်ဖြင့် ဒီမိုကရက်တစ်ပါတီလွှတ်တော်အမတ်များက ယခုရက်သတ္တပတ်အတွင်း ထရမ့်အား စွပ်စွဲပြစ်တင်ရန် အနည်းဆုံးဥပဒေပုဒ်မတစ်ခုကို တင်သွင်းသွားရန် စီစဉ်နေသည်။
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွှတ်တော်သည် “ စွပ်စွဲပြစ်တင်မှုပြုလုပ်ရန် အခွင့်အာဏာရှိသည့် တစ်ခုတည်းသောနေရာ” နှင့် “လွှတ်တော်အမတ်များအနေဖြင့် စွပ်စွဲပြစ်တင်မှုများအားလုံးပြုလုပ်ရန် တစ်ခုတည်းသော အခွင့်အာဏာရှိရာနေရာ” အဖြစ် ဖော်ပြထားသည်။ စွပ်စွဲပြစ်တင်မှု လုပ်ငန်းစဉ်များတွင် အမေရိကန်ကွန်ကရက်လွှတ်တော်အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့အရာရှိတစ်ဦးအား “ နိုင်ငံအပေါ် သစ္စာဖောက်ဖျက်မှု ၊ လာဘ်ပေးလာဘ်ယူမှု သို့မဟုတ် အခြားသော ကြီးမားသောရာဇဝတ်မှု နှင့် သေးငယ်သောအမှားအယွင်းကျူးလွန်မှု” များအတွက် အရေးယူမှုများပြုလုပ်ရန် ကြိုးပမ်းလုပ်ဆောင်နိုင်ကြောင်း သိရသည်။

ထိုသို့စွပ်စွဲပြစ်တင်မှုပြုလုပ်ရန် အနည်းဆုံး ဆီးနိုတ်လွှတ်တော်အမတ် သုံးပုံနှစ်ပုံ သို့မဟုတ် ဆီးနိုတ်လွှတ်တော်အမတ် ၆၇ ဦး ထောက်ခံရန်လိုအပ်ပြီး စစ်ဆေးမှုပြုလုပ်ပြီးနောက်တွင် အနည်းဆုံးဥပဒေပုဒ်မတစ်ခုကို ချိုးဖောက်သည်ဟု တွေ့ရှိကြောင်းကို မဲပေးဆုံးဖြတ်ရမည်ဖြစ်သည်။ အစိုးရအရာရှိ အမျိုးသား သို့မဟုတ် အမျိုးသမီးဦးအနေဖြင့် ရာထူးမှ ထွက်ခွာသွားပြီးနောက်တွင်လည်း ၎င်းအပေါ် စွပ်စွဲပြစ်တင်မှုများပြုလုပ်နိုင်သေးကြောင်း ဥပဒေရေးရာကျွမ်းကျင်သူများက ဆိုသည်။(Xinhua)

——————————————
(English Version)

Pelosi says House Democrats ready to start proceedings to impeach Trump for 2nd time
WASHINGTON, Jan. 10 (Xinhua) — Speaker Nancy Pelosi of the U.S. House of Representatives said on Sunday that Democrats are ready to start proceedings to impeach outgoing President Donald Trump for a second time in just over a year.
In a letter to her colleagues, Pelosi said Democrats will introduce a resolution on Monday urging Vice President Mike Pence to “convene and mobilize the Cabinet to active the 25th Amendment to declare the President incapable of executing the duties of his office,” after which Pence would immediately exercise powers as acting U.S. president.
“We are calling on the Vice President to respond within 24 hours,” the top congressional Democrat wrote. “Next, we will proceed with bringing impeachment legislation to the Floor.”
The announcement came as Trump is facing fierce bipartisan criticism for a role in massive demonstrations on Capitol Hill last week that led to at least five deaths and dozens of injuries following a chaotic and violent breach of the historic building when Congress was certifying President-elect Joe Biden’s victory in the 2020 White House race.
House Democrats have announced they plan to bring forward at least one article of impeachment against Trump this week, accusing him of “incitement of insurrection” at the Capitol.
The U.S. Constitution provides that the House “shall have the sole Power of Impeachment” and that “the Senate shall have the sole Power to try all Impeachments.” Through the impeachment process, the U.S. Congress charges and then tries an official of the federal government for “Treason, Bribery, or other high Crimes and Misdemeanors.”
Conviction can only happen in the Senate and requires at least two-thirds of its members, or 67 senators, to vote in favor of at least one article of impeachment after a trial. The chamber could try the impeachment of an official after he or she leaves office, legal experts said. Enditem

U.S. Vice President Mike Pence (L, rear) and U.S. House Speaker Nancy Pelosi (R, rear) take part in a joint session of the Congress to certify the 2020 election results at the U.S. Capitol in Washington, D.C., the United States, Jan. 6, 2021.