ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ပလပ်စတစ်ဆာဂျရီဆိုင်ရာနှင့် မျက်စိရောဂါ လူနာများအား အခမဲ့ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ပြည်ထောင်စု မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာ အိုလီ ၏ ဖိတ်ကြားချက်အရ ယခုရက်ပိုင်းအတွင်း နီပေါနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား မတ်လ၌ ကျင်းပသွားမည် ဖြစ်ပြီး စာမေးပွဲ မေးခွန်းပုံစံအသစ်တွင် ဘာသာရပ် အားလုံး၌ လွယ် သင့် ခက် မျှတစွာဖြင့် စဉ်းစားတွေးခေါ်မှုကို အားပေးသည့်မေးခွန်းများ ပိုမို ပါဝင် လာမည်ဟု ပညာရေးဝန်ကြီးဌာန...
ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ရှိ မြစ်ရေတင်စီမံကိန်း ၁ဝဝ မှ မိုးစပါး ၄၂,၄၇၆ ဧကနှင့် အခြားသီးနှံ ၂၂,၄ဝ၇ ဧက စုစုပေါင်း ၆၄,၈၈၃ ဧကအား စိုက်ပျိုးရေပေးဝေခဲ့ကြောင်း...
လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ခိုလှုံခွင့်ရရန် မက္ကဆီကို-အမေရိကန်နှစ်နိုင်ငံနယ်စပ်အနီးရောက်ရှိနေသည့် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းနေထိုင်သူများက ဆန္ဒပြမှုဖြစ်ပွားပြီးနောက် အမေရိကန်နိုင်ငံ ဆန်ဒီယေဂို ၊ ကယ်လီဖိုးနီးယား နှင့် မက္ကဆီကိုနိုင်ငံ Tijuana တို့ဆက်သွယ်ထားသည့် လူဝင်လူထွက် များပြားသော နှစ်နိုင်ငံနယ်စပ်ဝင်ပေါက်ဂိတ်များကို အမေရိကန်နိုင်ငံ၏ နယ်စပ်ကင်းလှည့်တပ်ဖွဲ့က နိုဝင်ဘာ ၂၅...