Connect with us

WORLD

ဗြိတိန်နိုင်ငံတွင် တစ်ရက်အတွင်း လူပေါင်း ၇ သောင်းခန့် COVID-19 ရောဂါ ထပ်မံကူးစက်ခံရ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ဇန်နဝါရီ ၈ ရက်တွင် အမျိုးသားတစ်ဦး စက်ဘီးစီး၍ သွားလာနေသည် ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ဗြိတိန်နိုင်ငံအစိုးရ၏ ဇန်နဝါရီ ၈ ရက် ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် ဗြိတိန်နိုင်ငံ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၆၈,၀၅၃ ဦးရှိခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တစ်ရက်အတွင်း ထပ်မံကူးစက်ခံရမှုအများဆုံး စံချိန်သစ်ဖြစ်ခဲ့ကာ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂,၉၅၇,၄၇၂ ဦးရှိကြောင်း သိရှိရသည်။

ဇန်နဝါရီ ၁ ရက် မှ စတင်၍ ဗြိတိန်နိုင်ငံတွင် တစ်ရက်အတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရမှု အဆက်မပြတ် မြင့်တက်လာခဲ့ပြီး ဇန်နဝါရီ ၁ မှ ၄ ရက် အထိ နေ့စဉ် လူပေါင်း ၅ သောင်း အထက် COVID-19 ရောဂါ ထပ်မံကူးစက်ခံခဲ့ရကြောင်း ၊ ဇန်နဝါရီ ၅ ရက် တွင် ပထမဦးဆုံး အကြိမ် တစ်ရက်အတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၆ သောင်းကျော်ခဲ့ကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံအစိုးရမှ ထုတ်ပြန်ခဲ့သည့် စာရင်းပြုစုချက်အရ ဗြိတိန်နိုင်ငံတွင် ဇန်နဝါရီ ၈ ရက် ၌ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၁,၃၂၅ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၇၉,၈၃၃ ဦးရှိခဲ့ကြောင်း သိရှိရသည်။ ဗြိတိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လတ်တလောကာလအတွင်း စာရင်းပြုစုသည့် နည်းလမ်းအား ပြောင်းလဲမှုပြုလုပ်ခဲ့ပြီး COVID-19 ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် ၂၈ ရက် အတွင်း သေဆုံးသူများကိုသာ COVID-19 ရောဂါကြောင့် သေဆုံးသူဟု ပြောင်းလဲသတ်မှတ်ခဲ့ကြောင်းသိရှိရသည်။

ဗြိတိန်နိုင်ငံတွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ နှင့် ဆေးရုံတက်၍ ရောဂါကုသမှု ခံယူသူ အဆက်မပြတ်တိုးမြင့်လာသောကြောင့် ဇန်နဝါရီ ၈ ရက်တွင် လန်ဒန်မြို့တော်ဝန် Sadiq Khan က လန်ဒန်မြို့အား အရေးကြီးသည့် ကိစ္စရပ်ဖြစ်ပွားသည့် အခြေအနေ အဖြစ်ကြေညာခဲ့သည်။ လန်ဒန်မြို့တော်ဝန် Sadiq Khan က ဗြိတိန်နိုင်ငံအစိုးရ အနေဖြင့် ရောဂါပျံ့နှံ့မှုအား ဟန့်တားရန် အရေးပေါ်ဆောင်ရွက်မှု မပြုလုပ်ပါက ပြည်သူလူထု၏ ကျန်းမာရေးစနစ်မှာ အလွန်ကြီးမားသည့် တာဝန်ကို ထမ်းဆောင်နိုင်ခြင်းမရှိတော့ဘဲ ထိုအချိန်တွင် သေဆုံးသူ ပိုမိုများပြားလာမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

 

—————————————–
(Chinese Version)
(国际疫情)英国单日新增新冠确诊病例超6.8万例
2021-01-09 04:31:43 分类: 医药卫生
  新华社伦敦1月8日电(记者张家伟 金晶)英国政府8日发布的数据显示,该国当天新增新冠确诊病例68053例,再创该国疫情暴发以来单日新增确诊病例数最高纪录;累计确诊病例2957472例。
  1月1日以来,英国单日新增确诊病例数快速攀升,1日至4日都在5万例以上,5日首次突破6万例。
  数据显示,英国8日新增新冠死亡病例1325例,累计死亡病例79833例。英国卫生部门此前修改认定方法,只将“新冠病毒检测呈阳性后28天内死亡”的病例认定为新冠死亡病例。
由于确诊病例数和入院人数持续攀升,伦敦市长萨迪克汗8日宣布伦敦进入“重大事故”状态。他警告说,如果英国政府不采取紧急行动延缓病毒蔓延速度,国民保健制度将不堪重负,到时候会有更多人死亡。(完)

Photo

1月8日,一名男子在英国伦敦市中心骑行。新华社记者 韩岩 摄