Connect with us

WORLD

ရိုမေးနီးယားနိုင်ငံတွင် ပထမဦးဆုံး ဗီဇပြောင်း COVID-19 ရောဂါ ကူးစက်ခံထားရသူတွေ့ရှိ

ရိုမေးနီးယားနိုင်ငံ သမ္မတ Klaus Iohannis က မြို့တော် ဘူခါရက်စ်ရှိ COVID-19 ရောဂါ ကာကွယ်ဆေး သိုလှောင်မှု စင်တာအား သွားရောက်စစ်ဆေးနေစဉ်(ဆင်ဟွာ)

ဘူခါရက်စ် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ရိုမေးနီးယားနိုင်ငံအတွင်း ပထမဦးဆုံး ဗီဇပြောင်း COVID-19 ရောဂါ ကူးစက်ခံထားရသူ တွေ့ရှိခဲ့ရပြီး လက်ရှိချိန်တွင် ၎င်းအား နေအိမ်တွင် သီးသန့်ခွဲခြားနေထိုင်စေကာ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၈ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

ဗီဇပြောင်း COVID-19 ရောဂါကူးစက်ခံရထားသူမှာ အသက် ၂၇ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ဖြစ်ပြီး ယခုလ ၃ ရက်တွင် COVID-19 ရောဂါ လက္ခဏာ အနည်းငယ် ဖြစ်ပွားလာသောကြောင့် ဆေးရုံသို့လာရောက်၍ ဆေးဝါးကုသမှုခံယူခဲ့ကြောင်း ၊ ဆေးဝါးကုသမှု ခံယူစဉ် COVID-19 ရောဂါ စစ်ဆေးခဲ့ရာတွင် ဇန်နဝါရီ ၈ ရက်၌ ၎င်းကူးစက်ခံထားရသည်မှာ ဗီဇပြောင်း COVID-19 ရောဂါဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ၊ ရောဂါကူးစက်ခံရသူက ၎င်းအနေဖြင့် လတ်တလောကာလအတွင်း ပြည်ပသို့ ခရီးသွားလာခြင်းမရှိခဲ့ဟု ဆိုခဲ့ကြောင်း ရိုမေးနီးယား နိုင်ငံမြို့တော် ဘူခါရက်စ် ကူးစက်ရောဂါဆေးရုံ ပြောရေးဆိုခွင့်ရှိသူ က သတင်းမီဒီယာများအား ပြောကြား ခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက ဗီဇပြောင်း COVID-19 ရောဂါ ကူးစက်ခံထားရသူ၏ ၎င်းသည်ပြည်ပသို့ ခရီးသွားလာခြင်းမရှိဟု ပြောကြားမှုသည် မှန်ကန်ပါက ဗီဇပြောင်း COVID-19 ရောဂါပိုးက ရိုမေးနီးယား နိုင်ငံတွင် ပျံ့နှံ့နေသည်ကို ဆိုလိုနိုင်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိချိန်တွင် ရိုမေးနီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကူးစက်ရောဂါဆိုင်ရာ ဆေးပညာ စုံစမ်းစစ်ဆေးမှု နှင့် လေ့လာစောင့်ကြည့်စစ်ဆေးမှုများကို ပြုလုပ်နေကြောင်း သိရှိရသည်။

ရိုမေးနီးယားနိုင်ငံ အစိုးရ၏ ဇန်နဝါရီ ၈ ရက် ထုတ်ပြန်ကြေညာခဲ့သည့် စာရင်းပြုစုချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း နိုင်ငံအတွင်း၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၄,၈၄၁ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၆၆၃,၇၉၉ ဦးရှိကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၉၆ ဦးရှိပြီး ရောဂါကြောင့်သေဆုံးခဲ့ရသူ စုစုပေါင်း ၁၆,၅၀၆ ဦးရှိကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ ရိုမေးနီးယားနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၇ ရက်အချိန်မှ စတင်၍ ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ယခုလ ၈ ရက်အချိန်ထိ ဆေးဘက်ဆိုင်ရာဝန်ထမ်းပေါင်း ၉၂,၇၀၆ ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကာ ၎င်းတို့အနက် ၃၁၄ ဦး က မကောင်းမွန်သည့် လက္ခဏာများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

—————————————–
(Chinese Version)
(国际疫情)罗马尼亚发现首例变异新冠病毒感染病例
2021-01-09 06:12:00 分类: 医药卫生
  新华社布加勒斯特1月8日电(记者林惠芬)罗马尼亚卫生部8日证实,该国发现首例变异新冠病毒感染病例。这名感染者目前居家隔离,健康状况“良好”。
  当天早些时候,位于罗马尼亚首都布加勒斯特的马太-巴尔什传染病医院发言人对当地媒体说,感染者是一名27岁女子,本月3日出现轻微症状后前来该院就医。患者接受了新冠病毒检测,8日出来的检测报告显示她感染了变异新冠病毒。患者表示自己没有近期出国旅行史。
  这名发言人说,如果该患者近期没有出国旅行的事情属实,这就表明变异新冠病毒已在罗马尼亚传播。当地卫生部门已就此展开流行病学调查和监测。
  罗马尼亚官方8日发布的数据显示,过去24小时该国新增新冠确诊病例4841例,累计确诊663799例;新增死亡病例96例,累计死亡16506例。
  据报道,罗马尼亚于2020年12月27日开始对医务人员进行新冠疫苗接种,截至本月8日,已完成对92706名医务人员的接种工作,其中314人出现不良反应。(完)
Photo
12月18日,在罗马尼亚首都布加勒斯特的坎塔库济诺医学开发研究所,罗马尼亚总统约翰尼斯(中)视察新冠疫苗储存中心。新华社发(克里斯泰尔 摄)