ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) China Southern Airlines ၏ အမှတ် (၁) လေယာဉ် သိုလှောင်ရုံကြီးကို ပေကျင်းတာ့ရှင်း နိုင်ငံတကာ လေဆိပ်ကြီးတွင် တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ၎င်း လေယာဉ် သိုလှောင်ရုံကြီးသည် အာရှတိုက်တွင် အကြီးဆုံး လေယာဉ် ထိန်းသိမ်းရေး သိုလှောင်ရုံကြီးတစ်ခုဖြစ်ပြီး အကျယ်အဝန်း ၄၀၅...
ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ မြန်မာနိုင်ငံအလည်အပတ်ခရီးစဉ်သည် တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်(ညီရင်းအစ်ကို)ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်(Chen Hai) က ဆိုသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) မကြာမီရောက်ရှိမည့် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ခြင်္သေ့နဂါးအကအဖွဲ့ချုပ်ကကြီးမှူး၍ (၁၅) ကြိမ်မြောက် တရုတ် ရိုးရာ ခြင်္သေ့နဂါးအကအလှစွမ်းရည်ပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ လသာ မြို့နယ် စဉ်.အိုးတန်းလမ်း(အထက်လမ်း)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဧရိယာအတွင်းရှိ နယ်မြေလေးခုတွင် အဖွဲ့လေးဖွဲ့ခွဲ၍ ငှက်စာရင်းကောက်ယူခြင်းကို ဇန်နဝါရီ ၁၂ ရက်က ဆောင်ရွက်ခဲ့ကြောင်း ယင်းအစီစဉ်တွင် အင်းလေးကန်၊ ဘီလူးချောင်း၊ စံကားအင်း နှင့် မိုးဗြဲဆည်(ဖယ်ခုံအင်း)တို့ပါဝင်ကြောင်းသိရသည်။