Connect with us

Local

ဇန်နဝါရီ ၃ ရက်မှ စ၍ တရုတ်နိုင်ငံဘက်သို့ ဖရဲသခွားများ ပုံမှန်ပြန်လည်တင်ပို့လျက်ရှိကြောင်းဆို

ဖရဲသီးများတင်ထားသည့် ကုန်တင်ကားတစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးပွဲရုံများ၊ သစ်သီးကုန်စည်ဒိုင်များ၏ သဘောတူညီမှုဖြင့် ပြီးခဲ့သည့် ရက်ပိုင်းတွင် တရုတ်နိုင်ငံသို့ ဖရဲ၊သခွားတင်ပို့မှုအား ခေတ္တရပ်နားထားခဲ့ရာမှ ဇန်နဝါရီ ၃ ရက်မှ စ၍ ပုံမှန် ပြန်လည်တင်ပို့လျက်ရှိကြောင်း မူဆယ်(၁၀၅)မိုင် သစ်သီးဝလံကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ဆင်ဟွာသို့ ဇန်နဝါရီ ၅ ရက်တွင်ပြောကြားသည်။

“သစ်သီးတင်ပို့မှုတွေနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာတွေနဲ့ သက်ဆိုင်ရာဒေသအာဏာပိုင်တွေက သစ်သီးရောင်းဝယ်ရေး မြန်ဆန်သွက်လက်စေဖို့ အတွက် ဝိုင်းဝန်းကူညီပေးနေတာတွေ့ရပါတယ်။ လက်ရှိမှာ သစ်သီးကားတွေ ပိတ်မိနေတာမျိုးတွေ မရှိပါဘူး။ ဇန်နဝါရီ ၃ ရက်ကနေ စပြီး ပုံမှန်အဝင်အထွက်တွေရှိနေပါတယ်’’ ဟု ၎င်းက ဆိုသည်။

ယနေ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်မှ စ၍ ကျင်းစန်းကျော့ဂိတ်အား မြန်မာစံတော်ချိန် ည ၂၀:၃၀ နာရီ ၊ တရုတ်စံတော်ချိန် ည ၂၂:၀၀ နာရီထိ ဖွင့်လှစ် လည်ပတ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။“ဒီလို ဂိတ်တွေ ဖွင့်တာ က သစ်သီးကားတွေ အတွက်တော့ဝမ်းသာစရာပေါ့။ နောက်ပြီးဇန်နဝါရီ ၁ ရက် ကစပြီး ၁၅ ရက်နေ့ထိ မူဆယ် မန်ဝိန်းဂိတ်ကို ၂၄ နာရီ ဖွင့်လှစ်ပြီး လုပ်ဆောင်နေတယ်။ ဒါကြောင့် ဖရဲ၊ သခွါးတင်ပို့မှု တွေ ဒီရက်ပိုင်းမှာ ပုံမှန် အဝင်အထွက်တွေနဲ့ အဆင်ပြေနေပါတယ်။’’ ဟု ဦးစိုင်းမြင့်ဗိုလ်က ဆက်ပြောသည်။လက်ရှိတွင် နေ့စဉ် သစ်သီးကားများ အစီး ၂၀၀ မှ ၃၀၀ ကြားထွက်လျက်ရှိကြောင်း၊ ဖရဲသီးတစ်တန်လျှင် ယွမ် ၂,၅၀၀ ဝန်းကျင်၊ သခွားမွှေးတစ်တန်လျှင် ယွမ် ၄,၅၀၀ ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117