ရောမ ၊ ဇွန် ၆ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ စစ္စလီမြို့၌ ဇွန် ၅ ရက်က လမ်းဘေးဈေးတစ်ခုတွင် ဓာတ်ငွေ့စလင်ဒါတစ်လုံး(ဂါတ်စ်အိုး) ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂ဝ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှု ၁၈၄၅မှု ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းတွင် ဖော်ပြထားသည်။
ပေကျင်း ၊ ဇွန် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ စက်မှု နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက စီးပွားဖြစ်အသုံးပြုရန် 5G အင်တာနက် လိုင်စင်များကို ယနေ့( ဇွန် ၆ ရက်)တွင် စတင်ချပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ခုကို နိုင်ငံတကာအဆင့်မီမြှင့်တင်ပြီး one stop service ရရှိနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြိုးမင်းသိန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
မော်စကို၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးညှိနှိုင်းမှုအား ခေတ်သစ်ဆီသို့ ဆောင်ကြဉ်းရန် မျှော်မှန်းထားသည့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇွန်လ ၅ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။