ကျူးဟိုင်၊ နိုဝင်ဘာလ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ် ကျူးဟိုင်မြို့တွင် နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပခဲ့သည့် ၁၂ ကြိမ်မြောက် တရုတ်နိုင်ငံတကာ လေကြောင်းနှင့် အာကာသပြပွဲ သို့ နိုင်ငံနှင့်ဒေသပေါင်း ၄ဝ ကျော်မှပါဝင်ပြသသူပေါင်း ၇ဝဝ ကျော်တက်ရောက်ခဲ့သည်။ အဆိုပါပွဲတွင်နိုင်ငံတကာ တင့်ကားပြိုင်ပွဲကိုလည်းထည့်သွင်းကျင်းပခဲ့ရာပြိုင်ပွဲတလျှောက်အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့မှုများကို ဆင်ဟွာသတင်းဋ္ဌာနမှရိုက်ကူးတင်ဆက်ပါသည်။(Xinhua)
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ရှိ ဖယ်ခုံ၊ မိုင်းပန်၊ မိုးနဲ၊ လွိုင်လင်၊ နမ့်စန်နှင့် လဲချားမြို့နယ်တို့ ၌ ဘိန်းခင်းများဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဆစ်ဒနီ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) တောင်ပစိဖိတ်ရှိ ဆော်လမွန်ကျွန်းများတွင် နိုဝင်ဘာလ ၁၆ ရက်က ပြင်းအား ၆.၅ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေး အဆိုအရ သိရသည်။
နေပြည်တော်၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) ခေါ်နူးစုမ် ခေါ် နတ်မတောင် အမျိုးသား ဥယျာဉ်သို့ လာရောက်လေ့လာကြသော နိုင်ငံခြားသားများ အား ၂၀၁၄ ခုနှစ် အောက်တိုဘာလ မှ စ၍ ဝင်ကြေးများ ကောက်ခံခဲ့ရာ ၂၀၁၈ အောက်တိုဘာလ အထိ ကျပ်ငွေ ၂၅ ဒသမ ၀၅...
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ၂ဝ၂ဝ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမ အဆင့်ခြေစစ်ပွဲတွင် အုပ်စုပထမရပြီး ဒုတိယအဆင့် ခြေစစ်ပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာအမျိုးသမီး အသင်းသည် ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ဆက်လက် ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။