Connect with us

WORLD

ဗြိတိန်နိုင်ငံတွင် နေ့စဉ် COVID-19 ရောဂါ ထပ်မံကူးစက်ခံရမှု အဆက်မပြတ် ပိုမို မြင့်တက်လာ

ဗြိတိန် နိုင်ငံ လန်ဒန်မြို့ရှိ လမ်းတစ်ခု တွင် ဒီဇင်ဘာ ၂၁ ရက် ၌ သွားလာနေသူများနှင့် ကင်းလှည့်နေသည့် ရဲများကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

 

လန်ဒန် ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဘာသာပြန် / စိုးမိုး

ဗြိတိန်နိုင်ငံတွင် ဒီဇင်ဘာ ၃၁ ရက်၌ COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရသူ ၅၅,၉၈၂ ဦး ရှိခဲ့ပြီး ယင်းမှာ ဗြိတိန်နိုင်ငံ ၌ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ တစ်ရက် အတွင်း ရောဂါ ထပ်မံ ကူးစက်ခံရသူ လူဦးရေအများဆုံးဖြစ်ကာ လက်ရှိအချိန်တွင် ဗြိတိန်နိုင်ငံ၌ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂,၄၉၉,၇၈၀ ဦး ရှိကြောင်း ဗြိတိန်နိုင်ငံ အစိုးရ၏ ဒီဇင်ဘာ ၃၁ ရက် ထုတ်ပြန်ကြေညာခဲ့သည့် စာရင်းအချက်အလက်များအရ သိရှိရသည်။

ဗြိတိန်နိုင်ငံ ၏ တစ်ရက်အတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသည့် လူဦးရေမှာ လတ်တလောကာလ အတွင်း ဆက်တိုက်မြင့်မားနေပြီး ဒီဇင်ဘာ ၂၈ ရက်တွင် ရောဂါ ထပ်မံ ကူးစက်ခံရသူ ၄ သောင်းကျော် အထိ ရှိခဲ့ကာ ဒီဇင်ဘာ ၂၉ နှင့် ၃၀ ရက် တို့တွင်လည်း ရောဂါ ထပ်မံ ကူးစက်ခံရသူ ၅ သောင်းကျော် အထိ ရှိခဲ့ကြောင်း ၊ ဗြိတိန်နိုင်ငံတွင် ဒီဇင်ဘာ ၈ ရက် ၌ ပြည်သူများအား COVID-19 ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက် အချိန်ထိ လူပေါင်း ၉၄၀,၀၀၀ ကျော်အား ပထမ အကြိမ် COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

COVID-19 ရောဂါသည် ဗြိတိန်နိုင်ငံ တွင် အခြေအနေ ဆိုးရွားလာသဖြင့် လတ်တလောကာလ အတွင်း ဗြိတိန်နိုင်ငံ အစိုးရ က ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို အကြိမ်ကြိမ် ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လာခဲ့ကြောင်း ၊ ဒီဇင်ဘာ ၃၁ ရက် တွင် ဗြိတိန် နိုင်ငံ အစိုးရက ပြည်သူလူထုများအား အတတ်နိုင်ဆုံး အိမ်တွင်နေထိုင်ရန် နှင့် ကပ်ရောဂါ ကာကွယ်တားဆီးရေး ကန့်သတ်ချက်များ ကို ဖောက်ဖျက်သည့် လူမှုရေးလှုပ်ရှားမှုများကို ရှောင်ရှားကြရန် တိုက်တွန်းကြေညာခဲ့သည်။ (Xinhua)

—————————————–
(Chinese Version)
(国际疫情)英国单日新增新冠确诊病例数持续攀升
2021-01-01 05:15:33 分类: 医药卫生
  新华社伦敦12月31日电(记者张家伟 金晶)英国政府31日发布的数据显示,英国当天新增新冠确诊病例55892例,单日新增确诊病例数为该国疫情暴发以来最高;累计确诊病例2488780例。
  英国单日新增确诊病例数近期一直保持在较高水平,28日突破4万例,29日和30日分别超过5万例。英国8日开始为民众接种新冠疫苗,截至12月27日,已有超过94万人接种第一剂新冠疫苗。
由于新冠疫情形势不容乐观,英国近期多次收紧疫情防控措施。英国政府12月31日呼吁民众尽量居家,避免进行任何违反防疫规定的社交活动。(完)

Photo
2020年12月21日,人们从英国伦敦街头巡逻的骑警旁走过。(新华社记者韩岩摄)