Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံ၏ အရေးပါသည့် အဝေးပြေးလမ်းအား ပြန်လည်ပြုပြင်ရန် ကူညီထောက်ပံ့ပေးမည်

တရုတ်-ပါကစ္စတန် ချစ်ကြည်ရေးအဝေးပြေးလမ်း ဖြစ်သည့် Karakoram အဝေးပြေးလမ်းတွင် ကားများသွားလာနေသည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

တရုတ်နိုင်ငံမှ ပါကစ္စတန်နိုင်ငံရှိ N5 အဝေးပြေးလမ်း ၏ လမ်းပိုင်းအချို့အား ပြန်လည် ပြုပြင်ပေးမည့် ကူညီထောက်ပံ့မှုစီမံကိန်း စာချုပ်အား ဒီဇင်ဘာ ၃၁ ရက်တွင် အစ္စလာမ်မာဘတ်၌ လက်မှတ်ရေးထိုး ခဲ့ကြပြီး တရုတ်နိုင်ငံ အနေဖြင့် ယင်းအမြန်လမ်းရှိ ဆိုးရွားစွာ ပျက်ဆီးနေသော အကွားအဝေး ၆၆ ကီလိုမီတာ ရှိသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး Makhdum Khusro Bakhtiar က လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် တရုတ်နိုင်ငံမှ ပါကစ္စတန်နိုင်ငံ၏ အဝေးပြေးလမ်းအား ပြန်လည်ပြုပြင်ရန် ကူညီထောက်ပံ့ပေးသည့် ဆောင်ရွက်မှုသည် နှစ်နိုင်ငံ၏ရေရှည်ချစ်ကြည်ရေး ကို ပေါ်လွင်စေခဲ့ကြောင်း ၊ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ မူဘောင်အောက်တွင် ပါကစ္စတန်နိုင်ငံ အစိုးရ အနေဖြင့် နှစ်နိုင်ငံ စိုက်ပျိုးရေး ၊ စက်မှုလုပ်ငန်း ၊ သိပ္ပံနည်းပညာ နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး နှုန်ယုံ က ယခုချုပ်ဆိုခဲ့သည့် စီမံကိန်းသည် လတ်တလောနှစ်ပိုင်းအတွင်း တရုတ်နိုင်ငံအစိုးရမှ ပါကစ္စတန်နိုင်ငံ အဝေးပြေးလမ်းကဏ္ဍတွင် ဆောင်ရွက်ခဲ့သည့် အကြီးဆုံးသော ကူညီထောက်ပံ့မှု စီမံကိန်းဖြစ်ကြောင်း ၊ ယခုဆောင်ရွက်မှုကြောင့် အမြန်လမ်း၏ လမ်းပန်းဆက်သွယ်ရေး နှင့် ဝန်ထမ်းဆောင်နိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး လမ်းကြောင်းတစ်လျှောက်ရှိ ပြည်သူများ သွားလာရေး အတွက်လည်း အဆင်ပြေ ချောမွေ့စေမည်ဖြစ်ကြောင်း ၊ စီမံကိန်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ပြုပြင်တည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်နေသည့် လုပ်ငန်းများ ကိုလည်း ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

N5 အဝေးပြေးလမ်း သည် ပါကစ္စတန်နိုင်ငံ၏ တောင် မှ မြောက် သို့ သွယ်တန်းပေးထားသည့် အရေးပါသည့် အဝေးပြေးလမ်းတစ်ခုဖြစ်ကြောင်း ၊ ၂၀၁၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် ကြီးမားသော သဘာဝရေဘေးကြောင့် ယင်းအဝေးပြေးလမ်းသည် ဆိုးရွားစွာ ပျက်စီးခဲ့ရကြောင်း ၊ ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ် အချိန်ထိ တရုတ်နိုင်ငံ အစိုးရ က ပါကစ္စတန်နိုင်ငံ N5 နှင့် N55 အဝေးပြေးလမ်း ၏ လမ်းပိုင်းအချို့ ကို ပြုပြင်ရန် ကူညီထောက်ပံ့ပေးခဲ့သည့်အတွက် သက်ဆိုင်ရာ လမ်းပိုင်း၏ ခရီးသွားလာမှု အခြေအနေကို များစွာ ပိုမိုကောင်းမွန်စေခဲ့ကြောင်း သိရှိရသည်။ (Xinhua)

—————————————–
(Chinese Version)
(财经)中国将援助巴基斯坦修复重要交通干线
2020-12-31 22:42:49 分类: 行业经济
  新华社伊斯兰堡12月31日电(记者邹淑华)中国援巴基斯坦N5公路部分路段修复项目换文31日在伊斯兰堡签署,中国将援助修复该公路受损严重的66公里路段。
  巴基斯坦经济事务部长巴赫提亚尔在当天举行的签署仪式上说,中方援助巴方修复公路是巴中两国长期友谊的体现。在中巴经济走廊框架下,巴政府将加强两国在农业、工业、科技、社会经济发展等领域的合作。
  中国驻巴基斯坦大使农融说,这一项目是近年来中国政府对巴公路领域最大的援助项目,将进一步提高该公路交通承载力,方便沿线居民出行,创造大量就业机会并带动相关建材、运输行业发展。
  据了解,N5公路是巴基斯坦贯穿南北的交通大动脉,2010年因大规模洪涝灾害严重受损。2011年至2016年,中国政府曾帮助巴基斯坦对N5和N55公路部分路段进行修复,极大改善了相关路段的路况。(完)

Photo
 2015年3月25日,车辆行驶在巴基斯坦北部吉尔吉特地区的喀喇昆仑公路上(新华社记者黄宗治摄)