မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ ပလာယာ ဒဲလ်ကာမန်မြို့ မက္ကဆီကန် ကာရေဘီယံ အပန်းဖြေအိမ်ရာရှိ စားသောက်ဆိုင်ဘားတစ်ခုတွင် သေနတ်သမားနှစ်ဦး ပစ်ခတ်မှုကြောင့် လူ ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ဇန်နဝါရီလ ၇ ရက်တွင် ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim ဖေဖော်ဝါရီ ၁ ရက်တွင် ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဇန်နဝါရီ ၇ ရက်တွင် ကြေညာခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ သိန်းနီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ မြွှေအမျိုးအစားအစုံပါသော တရားမဝင် မြွေအကောင် တစ်ထောင်ကျော် သယ်ဆောင်လာသူများအား ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား (သန်လျင်တံတား) တည်ဆောက်ရေး တွင် ပါဝင် ခဲ့ကြသည့် တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံမှ ပညာရှင်များ က ဇန်နဝါရီ ၇ ရက်၌ သာကေတ မြို့နယ်...
ဒါကာ ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ Abdul Hamid ကြီးမှူးသည့် အစိုးရဝန်ကြီးအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ဇန်နဝါရီ ၇ ရက်က သမ္မတအိမ်တော်တွင် ကျင်းပခဲ့ရာ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၄၇ ဦး ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။