Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အီရန်နျူကလီးယားအရေး ဗီဒီယိုကွန်ဖရင့်သို့ တက်ရောက်မည်

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပမည့် အီရန် နျူကလီးယားအရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ၏ ဗီဒီယိုကွန်ဖရင့်သို့ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ပင်းက ဒီဇင်ဘာ ၁၈ ရက်၌ ကြေညာခဲ့သည်။

အဆိုပါ ကွန်ဖရင့်ကို ဥရောပသမဂ္ဂမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ရုရှား၊ အီရန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ စသည့်နိုင်ငံများလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………

(English Version)
Chinese FM to attend video conference on Iranian nuclear issue
Source: Xinhua| 2020-12-18 23:07:06|Editor: huaxia
BEIJING, Dec. 18 (Xinhua) — Chinese State Councilor and Foreign Minister Wang Yi will attend a video conference of foreign ministers on Iranian nuclear issue, which will be held on Dec. 21, Foreign Ministry spokesperson Wang Wenbin announced here Friday.
The conference will be hosted by the European Union, the spokesperson said, adding that Russia, Iran, the United Kingdom, France and Germany will also attend the conference. Enditem
Chinese State Councilor and Foreign Minister Wang Yi delivers a speech titled “Firmly Uphold Multilateralism and Build a Community with a Shared Future for Mankind” at a high-level conversation of the United Nations Economic and Social Council, “Multilateralism after COVID-19: what kind of UN do we need at the 75th anniversary?” via video link, in Beijing, capital of China, July 17, 2020. (Xinhua/Liu Weibing)