ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) မန္တလးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ဇာနည်ဘွား ခရီးသည်တင် မှန်လုံ ယာဉ်တစ်စီးသည် တံတားပေါ်မှ ထိုးကျမှုကြောင့် လူ၂၈ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ကျပ်သိန်းပေါင်း ၇၇၆၁ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၈,၀၅ဝ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ စစ်ဦးစီးချုပ် ကီဗင်ဆွင်နီ (Kevin Sweeney) သည် ၎င်းအနေဖြင့် ရာထူးမှ နှုတ်ထွက်ကြောင်းကို ဇန်နဝါရီ ၅ရက်တွင်ကြေညာခဲ့သည်။
မနီလာ ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) အင်အားအလွန်ပြင်းထန်သော မုန်တိုင်းတစ်လုံး တိုက်ခတ်ခံရပြီးနောက် ဖိလစ်ပိုင်နိုင်ငံ၌ ရေကြီးမှု နှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိသေဆုံးသူ ၁၂၆ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အစိုးရသဘာဝဘေးအန္တရာယ်အေဂျင်စီတစ်ခုက ယနေ့ဇန်နဝါရီ ၆ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း ပါဘက်(Pabuk)၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။