Connect with us

Economy

အာဂျင်တီးနားနိုင်ငံနှင့် တရုတ်နိုင်ငံ ကုမ္ပဏီအကြား ရထားလမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချုပ်များ လက်မှတ်ရေးထိုး

အာဂျင်တီးနားနိုင်ငံသမ္မတ Alberto Fernández က ဒီဇင်ဘာ ၁၁ ရက် ၌ သမ္မတ အိမ်တော်တွင် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အာဂျင်တီးနားနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနသည် တရုတ်နိုင်ငံ လုပ်ငန်းကုမ္ပဏီ ၃ ခုနှင့် ရထားလမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ၄ ခု ကို အာဂျင်တီးနားနိုင်ငံ သမ္မတအိမ်တော်၌ ဒီဇင်ဘာ ၁၁ ရက် တွင် လက်မှတ်ရေးထိုးခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄.၆၉၅ ဘီလီယံရှိကြောင်း သိရှိရသည်။

အဆိုပါ စာချုပ်များတွင် ရထားလမ်း ပြန်လည်ပြင်ဆင်ခြင်း ၊ ရထားစက်ခေါင်းဝယ်ယူခြင်း စသည့် အကြောင်းအရာများပါဝင်ပြီး အာဂျင်တီးနားနိုင်ငံ နှင့် လက်မှတ်ရေးထိုးခဲ့သည့် တရုတ်နိုင်ငံလုပ်ငန်း ကုမ္ပဏီများမှာ China Machinery Engineering Corporation ၊ China Railway Construction Corporation နှင့် CRRC Corporation Limited တို့ဖြစ်ကြသည်။ အာဂျင်တီးနားနိုင်ငံ သမ္မတရုံး မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ယခုချုပ်ဆိုလိုက်သော သဘောတူညီချက်များက အာဂျင်တီးနားနိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်း ၂၈,၀၀၀ ကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ ပြည်နယ်ပေါင်း ၁၃ ခု ကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်းပါဝင်ခဲ့သည်။

အာဂျင်တီးနားနိုင်ငံသမ္မတ Alberto Fernández က သဘောတူညီချက်စာချုပ် မချုပ်ဆိုမီ မိန့်ခွန်းပြောကြားရာတွင် အာဂျင်တီးနားနိုင်ငံသည် နယ်မြေလွန်စွာကျယ်ဝန်းသည့် နိုင်ငံဖြစ်ပြီး ကောင်းမွန်သည့် ရထားလမ်းစနစ်သည် စီးပွားရေး ဖွံ့ဖြိုတိုးတက်ရေးအတွက် လွန်စွာအရေးပါကြောင်း ၊ အာဂျင်တီးနား နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ လုပ်ငန်းကုမ္ပဏီများမှ နိုင်ငံ၏ရထားလမ်းစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့ပေးသည့်အပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

အာဂျင်တီးနားနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mario Meoni က ဆင်ဟွာသတင်းဌာန၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ယနေ့ တရုတ်နိုင်ငံ လုပ်ငန်းကုမ္ပဏီများနှင့် ချုပ်ဆိုခဲ့သည့် စာချုပ်များက လွန်စွာအရေးပါပြီး တရုတ်နိုင်ငံလုပ်ငန်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်းက အာဂျင်တီးနားနိုင်ငံ၏ ရထားလမ်းကုန်စည်ပို့ဆောင်ရေးစနစ်ကို များစွာမြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ၊ ယခုချုပ်ဆိုခဲ့သည့်စာချုပ်များက နိုင်ငံ၏ ရထားလမ်း ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံသွားနိုင်စေမည့် ကောင်းသောစတင်မှု တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဂျင်တီးနားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျုံးရှောင်းလိ က ချုပ်ဆိုခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုစာချုပ်များက လွန်စွာအဓိပ္ပါယ်လေးနက်ပြီး တရုတ်နိုင်ငံ လုပ်ငန်းကုမ္ပဏီများ အနေဖြင့် အာဂျင်တီးနားနိုင်ငံ သက်ဆိုင်ရာဌာနများနှင့် အနီးကပ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းသွားကာ ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့အသီးအပွင့်များအဖြစ်သို့ အမြန်ဆုံးပြောင်းလဲသွားစေလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
(财经)阿根廷与中企签署多项铁路合作协议
  新华社布宜诺斯艾利斯12月11日电(记者倪瑞捷)阿根廷交通部和铁路运营公司11日在阿根廷总统府与3家中国企业签署4项铁路合作协议,总金额达46.95亿美元。
  当天签署的合作协议主要内容包括铁路改造、车厢采购等,涉及的3家中国企业分别为中国机械设备工程股份有限公司、中国铁建股份有限公司和中国中车国际有限公司。阿根廷总统府在新闻公报中表示,协议将为阿根廷创造2.8万个工作岗位,惠及13个省。
  阿根廷总统费尔南德斯在签约仪式上说,阿根廷幅员辽阔,完善的铁路系统对经济发展至关重要,感谢中国企业对阿根廷铁路系统发展的支持。
  阿根廷交通部长马里奥•梅奥尼在接受新华社记者采访时表示,与中方签署的协议极为重要,与中企合作将很大程度上提升阿根廷货运铁路系统,是阿根廷铁路改造升级的良好开端。
  中国驻阿根廷大使邹肖力表示,合作文件签署具有重要意义,希望中方企业继续同阿方密切协作,尽快将合作意向转化为切实成果。(完)