ကျူးဟိုင်၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ) ကမ္ဘာ့အရှည်ဆုံးပင်လယ်ကူးတံတားကြီးဖြစ်သည့် ဟောင်ကောင်-ကျူးဟိုင်- မကာအိုတံတားကို အောက်တိုဘာလ ၂၄ ရက်နေ့တွင်ပြည်သူအများသွားလာနိုင်ရန် ဖွင့်လှစ်သွားမည်ဖြစ်သည်။ ၎င်းတံတားကြီး မှာ အရှည်အားဖြင့် ၅၅ ကီလိုမီတာရှိပြီး အရှည်၂၂.၉ ကီလိုမီတာရှိသည့် ပင်မတံတားကြီးတစ်စင်းနှင့် ၆.၇ ကီလိုမီတာ အရှည်ရှိ ရေအောက်ဥမင်အဝေးပြေးလိုဏ်ခေါင်းလည်း ပါဝင်သည်။ တံတားကို ဖြတ်သန်းသွားလာရန်...
ရှန်ဟိုင်း၊ အောက်တိုဘာ ၂၃ရက် (ဆင်ဟွာ) တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (China International Import Expo) အတွက် လူပေါင်း ၅,၄၀၀ ကျော် စေတနာ့ဝန်ထမ်းအဖြစ် ကတိသစ္စာပြုခဲ့ကြောင်း တရုတ်နိုင်ငံ ကွန်မြူနစ်လူငယ်များအဖွဲ့ချုပ်၏ ရှန်ဟိုင်း စည်ပင်သာယာကော်မတီအရ သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်းတွင် ပါဝင်သော နေပြည်တော် တပ်ကုန်းမြို့နယ် အေးချမ်းသာ ကျေးရွာသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်က ယနေ့ သွားရောက်ကြည့်ရှုခဲ့ပြီး ရွာသူရွာသားများအား သီတင်းကျွတ်လက်ဆောင်များ ပေးအပ်ခဲ့သည်။
ရာဘတ် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ) နယ်စပ်ခြံစည်းရိုးကို ကျော်၍ အာဖရိကတိုက် မြောက်ဘက် ကမ်းရိုးတန်းရှိ စပိန်နိုင်ငံ ကိုယ်ပိုင် အုပ်ချုပ်ရေးမြို့ Melilla သို့ ဝင်ရောက်ရန် ကြိုးစားနေသည့် Sahara သဲကန္တာရ တောင်ပိုင်း အာဖရိကနိုင်ငံများမှတရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၄၁ ဦးအား သက်ဆိုင်ရာ နိုင်ငံများသို့...
တိုကျို၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တောင်ဘက်စွန်း အိုခီနာဝါစီရင်စု ရှိ ယိုနာဂူနီချီးမားမြို့တွင် အင်အား ၆.၁ပမာဏရှိငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသဌာန က အောက်တိုဘာ ၂၃ ရက်တွင်ပြောကြားခဲ့သည်။