Connect with us

Science & Technology

Chang’e-5 အာကာသယာဉ်၏ ascender ယာဉ် လကမ္ဘာပတ်လမ်းကြောင်းမှ ခွဲထွက်ကာ လပေါ်တွင် ဆင်းသက်

တရုတ်နိုင်ငံ Chang'e-5 အာကာသယာဉ်၏ orbiter-returner ပေါင်းစပ်ယာဉ်က နမူနာပစ္စည်းများနှင့်ပျံတက်ယာဉ် (ascender) မှ ခွဲထွက်သည့် သရုပ်ပြပုံကို တွေ့ရစဉ် (ဓာတ်ပုံ- CNSA/Handout via Xinhua)

ပေကျင်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ Chang’e-5 အာကာသယာဉ်၏ နမူနာပစ္စည်းများနှင့်ပျံတက်ယာဉ် (ascender) သည် နံနက် ၆:၅၉ နာရီက မြေပြင်မှ ညွှန်ကြားချက်အရ လကမ္ဘာပတ်လမ်းကြောင်းမှ ခွဲထွက်ကာ ဒီဇင်ဘာ ၈ ရက် ပေကျင်းစံတော်ချိန် နံနက် ၇:၃၀ နာရီ၌ လပေါ်တွင် ဆင်းသက်ခဲ့ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန သတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။

Ascender သည် ရှေးဦးစွာ လမျက်နှာပြင်မှ ထွက်ခွာလာခဲ့ပြီး လကမ္ဘာပတ်လမ်းကြောင်းထဲတွင် အာကာသယာဉ်၏ orbiter-returner ပေါင်းစပ်ယာဉ်နှင့် ပေါင်းစည်းချိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

လမျက်နှာပြင်မှ နမူနာပစ္စည်းများကို လွှဲပြောင်းပေးပြီးနောက် ascender သည် orbiter-returner ပေါင်းစပ်ယာဉ်မှ ဒီဇင်ဘာ ၆ ရက်တွင် ပြန်လည် ခွဲထွက်သွားခဲ့သည်။

ဒီဇင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် မောင်းနှင်မှုသည် ascender ၏ လုပ်ငန်းစဉ် ပြီးမြောက်သည့် အထိမ်းအမှတ်လည်း ဖြစ်ကြောင်း အာကာသစီမံခန့်ခွဲမှုဦးစီးဌာနအရ သိရသည်။

အဆိုပါ Ascender ယာဉ်သည် ဂြိုဟ်ပတ်လမ်းကြောင်းမှ ခွဲထွက်ခြင်းနှင့် လပေါ်တွင် ဆင်းသက်ခြင်းသည် အာကာသအတွင်း အပျက်အစီးအမှိုက်သရိုက်ဖြစ်လာခြင်းမှကာကွယ်ရန် နှင့် အခြားသောနိုင်ငံများ၏ နောက်ဆက်တွဲ လကမ္ဘာစူးစမ်းလေ့လာရေးလုပ်ငန်းများအပေါ် ထိခိုက်မှုမရှိအောင် ကာကွယ်ရန် ဖြစ်သလို လူသားများအနေဖြင့် အာကာသကို ငြိမ်းချမ်းစွာ စူးစမ်းလေ့လာမှုနှင့် အသုံးပြုမှုအတွက် တာဝန်သိစိတ်ရှိသော တရုတ်နိုင်ငံ၏ အရေးပါသည့် ကတိကဝတ်တစ်ခုလည်းဖြစ်ကြောင်း အာကာသစီမံခန့်ခွဲမှုဦးစီးဌာနက ဆိုသည်။

ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ် (orbiter) ၊ လပေါ်ဆင်းသက်ယာဉ် (lander) ၊ လပေါ်မှနမူနာပစ္စည်းများနှင့် ပျံတက်ယာဉ် (ascender) နှင့် နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း (returner) တို့ကို ပေါင်းစည်းထားသော Chang’e-5 အာကာသယာဉ်အား နိုဝင်ဘာ ၂၄ ရက်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

#China, #Chang’e_5, #Moon, #SpaceDebris, #Xinhua, #တရုတ်, #လမျက်နှာပြင်, #အာကာသအမှိုက်, #ဆင်ဟွာ

…………………………………………

(English Version)

Ascender of Chang’e-5 leaves lunar orbit, lands on moon

BEIJING, Dec. 8 (Xinhua) — The ascender of China’s Chang’e-5 probe departed from the lunar orbit under ground commands at 6:59 a.m. and landed on the moon at 7:30 a.m. Tuesday (Beijing Time), sources with the China National Space Administration said.

The ascender previously took off from the lunar surface and completed rendezvous and docking with the probe’s orbiter-returner combination in the lunar orbit.

After transferring samples collected on the moon to the returner, the ascender separated from the orbiter-returner combination on Dec. 6.

Tuesday’s maneuver marks the completion of the ascender’s mission, according to the space administration.
Deorbiting and moon landing of the spacecraft can prevent it from becoming space debris and affecting follow-up lunar missions of other countries, which is also an important commitment of China, as a responsible country, to the peaceful exploration and use of space by humankind, the administration said.

The Chang’e-5 probe, comprising an orbiter, a lander, an ascender and a returner, was launched on Nov. 24. Enditem

A graphic simulation shows the orbiter and returner combination of China’s Chang’e-5 probe after its separation from the ascender. (CNSA/Handout via Xinhua)