Connect with us

North America

ဘိုင်ဒန်က အငြိမ်းစား ဗိုလ်ချုပ်ကြီးအော်စတင်းအား ကာကွယ်ရေးဝန်ကြီးအဖြစ် အမည်စာရင်းထုတ်ဖော်ကြေညာ

အမေရိကန်ဗိုလ်ချုပ်ကြီး Lloyd Austin အားတွေ့ရစဉ်(Photo - Courtesy of U.S. Army)

ဝါရှင်တန်၊ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်က အငြိမ်းစားဗိုလ်ချုပ်ကြီးအော်စတင်း(Lloyd Austin) အား ၎င်း၏ ကာကွယ်ရေးဝန်ကြီးအဖြစ် ဒီဇင်ဘာ ၈ ရက်တွင် အမည်စာရင်းထုတ်ဖော်ကြေညာခဲ့သည်။

အကယ်၍ အမေရိကန်ဆီးနိုတ်လွှတ်တော်က အတည်ပြုပေးလျှင် အသက် ၆၇ နှစ်ရွယ်ရှိ ဗိုလ်ချုပ်ကြီး အော်စတင်းသည် ပထမဆုံးအာဖရိကန်အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲတစ်ဦးဖြစ်လာမည်ဖြစ်သည်။

“ သူဟာ လတ်တလောကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့အကြပ်အတည်းတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အရေအချင်းပြည့်မှီသူဖြစ်ပါတယ်” ဟု အော်စတင်းအား အမည်စာရင်းတင်သွင်းသည့် ထုတ်ပြန်ကြေညာချက်တစ်စောင်တွင် ဂျိုးဘိုင်ဒန်က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီးအော်စတင်းသည် ဘိုင်ဒန်အစိုးရအဖွဲ့၏ စစ်ရေး နှင့် ကာကွယ်ရေး ဦးစားပေးအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် COVID-19 ကာကွယ်ဆေးဖြန့်ဖြူးရေးလုပ်ငန်းစဉ်များနှင့်အတူ သယ်ယူပို့ဆောင်ရေးတွင် အရေးပါသောအခန်းကဏ္ဍတစ်ခုမှ ပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရွေးကောက်ခံသမ္မတအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပင်တဂွန်စစ်ဌာနချုပ်အကြီးအကဲသည် စစ်တပ်မှ အနည်းဆုံး ၇ နှစ်ထွက်ခွာပြီးသူဖြစ်ရမည်ဆိုသည့် အမေရိကန်ဥပဒေပြဌာန်းချက်များကြောင့် ကွန်ဂရက်အနေဖြင့် အော်စတင်းအား ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ရေး သဘောတူညီရန် ကင်းလွတ်ခွင့်တစ်ခုပေးရမည်ဖြစ်သည်။

ယခင် အမေရိကန်အလယ်ပိုင်းတိုင်း စစ်တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်ကြီး(ငြိမ်း)အော်စတင်းသည် စစ်မှုထမ်းသက်တမ်း ၄၀ ကျော် ကြာပြီးနောက် ၂၀၁၆ ခုနှစ်တွင် ရာထူးမှ အနားယူခဲ့သည်။

ပေါင်းစည်းတပ်ဖွဲ့တပ်မှူးအဖြစ် အော်စတင်းသည် အီရတ် နှင့် ဆီးရီးယားနိုင်ငံများရှိ IS စစ်သွေးကြွ ချေမှုန်းရေး စစ်ရေးလှုပ်ရှားမှုများကို အဓိကဦးဆောင်ဦးရွက်ပြုလုပ်ခဲ့သူဖြစ်သည်။

အီရတ်ရှိ အမေရိကန်တပ်ဖွဲ့တပ်မှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း အော်စတင်းသည် အမေရိကန် နှင့် ညွန့်ပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ဖက်ဆိုင်ရာလက်နက်ခဲယမ်းများကို အီရတ်နိုင်ငံမှ ပြောင်းရွှေ့နေရာချထားရေးကို လုပ်ဆောင်ခဲ့ရပြီး ယင်းမှာ နှစ်ပေါင်း ၆၀ ကျော်ကြာကာလအတွင်း စစ်တပ်၏အကြီးဆုံးသယ်ယူပို့ဆောင်ရေး(ထောက်ပို့) လုပ်ငန်းစဉ်တစ်ခုကို ၎င်းအနေဖြင့် တာဝန်ယူ ဆောင်ရွက်ခဲ့ရခြင်းလည်းဖြစ်သည်။

အမေရိကန်နိုင်ငံ အယ်ဘားမားပြည်နယ်တွင်မွေးဖွားခဲ့ပြီး ဂျော်ဂျီယာပြည်နယ်၌ ကြီးပြင်းလာခဲ့သူ အော်စတင်းသည် ဝက်ပွိုင့်စစ်တက္ကသိုလ်(West Point) မှ သိပ္ပံဘွဲ့ကို ရရှိခဲ့ပြီး Auburn တက္ကသိုလ် မှ ပညာရေးဆိုင်ရာ မဟာဘွဲ့ရရှိခဲ့သူဖြစ်သည်။ ထို့ပြင်သူသည် Webster တက္ကသိုလ်မှ စီးပွားရေးစီမံခန့်ခွဲမှု(MBA)ဘွဲ့ကို ရရှိခဲ့ကြောင်း သိရသည်။(Xinhua)

#ဘိုင်ဒန်, #အမေရိကန်, #ကာကွယ်ရေးဝန်ကြီး, #Austin #US, #Biden, #defence secretary, #Austin, #African American,President-elect, #ဆင်ဟွာ
…………………………………………

(English Version)

Biden nominates retired General Lloyd Austin as defense secretary

If confirmed by the U.S. Senate, Lloyd Austin will be the first African American ever to head the Pentagon.

WASHINGTON, Dec. 8 (Xinhua) — U.S. President-elect Joe Biden announced on Tuesday that he will nominate Lloyd Austin, a retired four-star general, to serve as his defense secretary.

If confirmed by the U.S. Senate, Austin, 67, will be the first African American ever to head the Pentagon.

“He is uniquely qualified to take on the challenges and crises we face in the current moment,” Biden said of Austin in a statement.

Austin will be tasked with implementing the Biden administration’s military and defense priorities, while playing a role in executing the logistics associated with COVID-19 vaccine distribution, according to the president-elect’s team.

Congress has to pass a waiver to allow Austin to take the job as a U.S. law requires Pentagon chiefs to be out of the military for at least seven years.

Former commander of the U.S. Central Command, Austin retired in 2016 after more than 40 years of military service.

As combined forces commander, Austin led the design and execution of the military campaign against the Islamic State in Iraq and Syria.

While serving as commanding general of United States Forces-Iraq, he was responsible for the Army’s largest logistical effort in more than 60 years when he oversaw the transition of U.S. and Coalition military forces and equipment out of Iraq.

Born in Alabama and raised in Georgia, Austin received his bachelor of science degree from West Point, his master’s in education from Auburn University, and his master’s in business administration from Webster University.

Photo caption – Undated file photo shows retired General Lloyd Austin. (Courtesy of U.S. Army)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.