ဘာလင်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း Bottrop မြို့ တွင် ဇန်နဝါရီ ၁ရက် အစောပိုင်းက လမ်းသွားလမ်းလာ လူအုပ်တစ်စု အား အမျိုးသားတစ်ဦးက ၎င်း၏ ကားဖြင့် ဝင်တိုက်ခဲ့သဖြင့် လူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ကြားဖြတ်ဝန်ကြီးအဖြစ် ပက်ထရစ်ရှန်နာဟန်(Patrick Shanahan) အား ဇန်နဝါရီ ၁ ရက်တွင် တရားဝင်ခန့်အပ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) အမေရိကန်ဆယ်ကျော်သက်တစ်ဦးသည် ၎င်း၏ သူငယ်ချင်းအား သေနတ်တစ်လက် ထုတ်ပြစဉ် မတော်ဆတဆပစ်သတ်မိသဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁ရက်တွင်ပြောကြားခဲ့သည်။
ဆိုးလ် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းက နှစ်သစ်ကူးမိန့်ခွန်းစကားပြောကြား ရာတွင် ကိုရီးယားကျွန်းဆွယ်နျူကလီးယားလုံးဝကင်းစင်ရေးအတွက် ဆက်လက်ကြိုးစား အကောင် အထည်ဖော်သွားမည်ဖြစ်သလို ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်သွားမည် ဖြစ်ကြောင်းနှင့် တောင်-မြောက် ဆက်ဆံရေးကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည့်အပေါ် တောင်ကိုရီးယားမှ ကြိုဆိုကြောင်း တောင်ကိုရီးယားအစိုးရ၏ ဇန်နဝါရီ ၁ရက်က...
လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) အမေရိကန်-မက္ကဆီကို နယ်စပ်ခြံစည်းရိုးကို ကျော်ဖြတ်၍ ကယ်လီဖိုးနီးယားပြည်နယ်သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ရွှေ့ပြောင်းသွားလာသူ ၁၅၀ဦးခန့်ကို တားဆီးရန် အမေရိကန်နိုင်ငံနိုင်ငံ အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး (CBP) တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁ရက်တွင် မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။